ယနေ့မှစတင်ပြီး ၃ ရက်တိုင်တိုင် ကျင်းပသွားမယ့် ထိုင်းမင်းသမီးချော တန်မိုရဲ့ ဈာပန အခမ်းအနား

News

မင်းသမီးချောလေး Tangmo Pataritda သည် 1984 ခုနှစ်တွင်မွေးဖွားခဲ့ပြီး Golden Temple ၏ဖျော်ဖြေရေးနယ်ပယ်တွင်ကျော်ကြားသောသရုပ်ဆောင်နှင့်မော်ဒယ်ဖြစ်ပါသည်။

တစ်ချိန်က သူမသည် ထိုင်းရှိုးဘစ်ဇ်၏ sexy icon များထဲမှ တစ်ဦးအဖြစ် အကဲဖြတ်ခံခဲ့ရသည်။

မင်းသမီးချော Tangmo Pataritda ဟာ ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်ကတည်းက တီဗီစီးရီး ၂၃ ခုနဲ့ ရုပ်ရှင် ၃ ကားမှာ ပါဝင်ခဲ့ပြီး နာမည်ကြီး

ဖက်ရှင်မဂ္ဂဇင်းတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၂၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၏ သတင်းစာမျက်နှာများတွင် The Gone Leaf ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့်

ထိုင်းမင်းသမီးချော Tangmo Pattaratida သည် ရေထဲသို့မတော်တဆ ပြုတ်ကျခဲ့ပြီး သတင်းအချက်အလက်တွေအရ သူမဟာ ချောင်ပရာယာမြစ်ထဲ လှေပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

Tangmo ဟာ အခုကိစ္စမတိုင်ခင်မှာလည်း ကိုယ့်ကိုယ်ကို မတော်တဆဖြစ်မှုတွေနဲ့ ခဏခဏ ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Tangmo ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့တော့ပါဘူး။ Tangmo ဟာ အသက်က ၃၈ နှစ်အရွယ်မှာပဲ ကြွေလွင့် သွားခဲ့ရတာဖြစ်ပါတယ်။

Tangmo ရဲ့ လက်ရှိချစ်သူ ကောင်လေးကလည်း သူ့ချစ်သူကောင်မလေး ကိစ္စအတွက် ယူကြုံးမရဖြစ်နေပြီး Tangmo ရဲ့ သတင်းစကြားကြားချင်း ညဘက်မှာတင် မြစ်ကမ်းနားမှာ ချစ်သူလေးပြန်အလာကို ထိုင်စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။

Tangmo Pattaratira ရဲ့ Boyfriend က အနေအေးပြီး ရိုးသားသူတစ်ယောက်ဖြစ်ပြီး ချစ်သူလေးအပေါ်မှာလည်း ဂရုစိုက်ပြီးချစ်ပြတက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ယခုမှာတော့ ထိုင်းမင်းသမီး “တန်မိုနိဒါ” ရဲ့ ဈာပနအခမ်းအနား ပြင်ဆင်ထားတဲ့ ပုံလေးတွေထွက်ရှိလာခဲ့ပြီး မင်းသမီးချောရဲ့ ဈာပနအခမ်းအနားကို

လူ ၁၀၀၀ဆံ့တဲ့ ခန်းမကြီးမှာ မတ်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့လည သိရပါတယ်။

credit#

unicode












credit#

Leave a Reply

Your email address will not be published.