သိန်းပေါင်းဆယ်ချီ ရာချီအထောက်အပံ့များကို ဘယ်တော့မှလက်မခံဖြစ်ခဲ့တဲ့ ဦးကျော်သက်လင်း

News

ညစဥ် ၈ နာရီသတင်းမှာ ကျမ်းမာတော်မူကြပါစခင်ဗျာ ဆိုတဲ့ အသံပါဝါကောင်းကောင်းနဲ့ ဒီလူကြီးကို မှတ်မိကြသေးရဲ့လား ။ မြန်မာပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် CDM ကို အစောဆုံးပြုလုပ်ခဲ့သူလဲ ဖြစ်ပါတယ်။ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကို ထမ်းဆောင်နေတာပါနော်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟ သိန်းပေါင်းဆယ်ချီ တဲ့ အထောက်အပံ့ အကူအညီတွေကို လက်မခံဖြစ်ခဲ့ကြောင်းကို ” ကျမ်းမာတော်မူကြပါစခင်ဗျာ ရုပ်ပြကောင်းတဲ့ လူသိများတဲ့နေရာတွေမှာပဲလှူနေကူနေကြတယ်။တကယ်ဆော်တဲ့နေရာတွေမှာ အကူအညီအထောက်အပံ့မရကြဘူးဆိုလို့

ကျနော့်ကိုလာရောက်ဆက်သွယ်ပေးကြတဲ့ သိန်းပေါင်းဆယ်ချီ ရာချီအလှူများကိုစကတည်းက ကျနော်လက်မခံခဲ့ပါဘူး။ ကျေးဇူးတော့ ပြောမပြတတ်အောင်တင်မိပါတယ်လို့ ဒီနေရာကပြောပါရစေ။ အခြေခံလူတန်းစားတွေလှူကြတဲ့ ငွေတစ်ထောင်ကနေစလို့ သောင်းဂဏန်း တစ်သိန်းဝန်းကျင်တွေပဲ ကျနော်လက်ခံပေးခဲ့ပါတယ်။

တစ်ဦးခြင်း ငါးသိန်း သုံးသိန်းလှူတဲ့သူရှိတဲ့အခါ ကျနော်အတန်တန်ပြောပါတယ်။ ခက်ခဲတဲ့ကာလကြီးမှာ လူအများကြီးဆီကနေ တစ်ဦးခြင်းနည်းနည်းစီပဲလိုချင်ပါတယ်လို့…။ ကျနော်ရောက်စတုန်းက ပြည်ပက အကူအညီတောင်းခဲ့တဲ့သူတွေဆီတောင် ကျနော် အကူအညီမတောင်းတော့ပဲ အဖွဲ့တွေ ကြပ်တည်းစွာနေထိုင်စားသောက်ကြပါတယ်။

တစ်ခါတရံ ကြက်သားစားမိတဲ့ရက်တော့ရှိတာပေါ့။ အမြင်ရှင်းကြပါစေရဲဘော်များ။ ဒီစနစ်ကိုမကြိုက်လို့ တောထဲဝင်ခဲ့တာ။ အကူအညီရမယ်ဆိုလို့ဝင်ခဲ့တာမဟုတ်ဘူး။မဖြစ်ရင် ဖြစ်သလိုလုပ်ကြမယ်။တစ်ယောက်နဲ့တစ်ယောက် အပြစ်မတင်ကြေး” လို့ ရေးသားထားခဲ့ပါသေးတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရဲ့ စိတ်ဓာတ်ကတော့ လေးစားဖို့ချီးကျူးဖွယ် ကောင်းပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZAWGYI VERSION








Crd

Leave a Reply

Your email address will not be published.