ပရိသတ်ကြီးရေ အကယ်ဒမီ ပြေတီဦး ကတော့ ရုပ်ရှင်လောကမှာ နာမည်အကြီးဆုံးမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ သူကတော့ နိုင်ငံကျော်မင်းသမီး အိန္ဒြာကျော်ဇင် ရဲ့ခင်ပွန်းတော်စပ်သူတစ်ဦးဖြစ်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ သားသား၊မီးမီး နှစ်ဦးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။




မကြာသေးခင်ရက်ပိုင်းလောက်မှာပဲ ပြေတီဦး တို့ ဇနီးမောင်နှံဟာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံရပြီး လွတ်ငြမ်းနဲ့ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြေတီဦး ရဲ့ အချစ်ဆုံးညီမလေး ငွေတီဦး ဟာ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။
ပြေတီဦး ရဲ့ ချစ်လှစွာသော ညီမဖြစ်သူဟာ ဘာသာရပ်တစ်ခုမှာ တစ်နိုင်ငံလုံးအမှတ်အများဆုံး ရခဲ့တာပါ။ ” ဆယ်တန်းအောင်တုန်းက မြန်မာစာအမှတ်က (၈၀) ပါ.. ကျွန်မတို့နှစ်တုန်းက တစ်နိုင်ငံလုံးအမှတ်အများဆုံးက (၈၂) မို့ ကျွန်မက ဆရာဒိုးပေးတဲ့ တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဆုရခဲ့ပါတယ်..
သင်ကြားပြသပေးခဲ့တဲ့ဆရာတွေနဲ့ ကူညီပေးခဲ့သူတွေရဲ့ကျေးဇူးကြောင့်ပါ.. ဆယ်တန်းတုန်းက ကျွန်မရဲ့ Bio ဆရာမရဲ့ တူမလေးက The Whole Burma ထဲဝင်တော့ ဆရာမက သူ့တူမရဲ့ တစ်ချို့သော မြန်မာစာနုတ်စ်တွေကို ကျွန်မကို ပေးခဲ့ဘူးတယ်..ဆယ်တန်းတုန်းက ကျွန်မက ဝိုင်းကျူရှင်ကို ကြာကြာမတက်နိုင်ခဲ့ဘူး.




. ဆရာညီညီတို့.. ဆရာဒိုးတို့.. Bio ဇီဝတို့လို ဆက်ရှင်တွေနဲ့.. ဆရာမဒေါ်ရွှေပုဖွင့်တဲ့ ကျောက်မြောင်းမှာဖွင့်တဲ့ ကျူရှင်တက်ခဲ့တာ..နယ်ကနေ ကျောင်းလာတက်ရတဲ့ ကိုယ်က လသာ(၂) ရောက်တော့ တအားတော်တဲ့ ကျောင်းသူတွေထဲမှာ မျက်နှာငယ်ရပါတယ်..ဆယ်တန်းဟာ ပြန်မတွေးချင်လောက်အောင် ခက်ခဲမှုတွေ အများကြီးနဲ့ပါ..
မြန်မာစာအမှတ်ကောင်းတဲ့ နောက်အကြောင်းတစ်ခုကတော့ ငယ်ငယ်တုန်းက စာစီစာကုံးပြိုင်ပွဲမှန်သမျှမလွတ်တန်းဝင်ပြိုင်ခိုင်းခဲ့တဲ့ မေမေ့ကျေးဇူးပေါ့..” လို့ ရေးသားထားပါတယ်။
ငွေတီဦး ဟာ မြန်မာစာမှာအမှတ် ၈၀ ရရှိခဲ့တဲ့အကြောင်းကို အခုလိုပဲထုတ်ကြွားခဲ့ပါတယ်။ မြန်မာစာမှာ အမှတ် ၈၀ ရတာဟာ အရမ်းကိုတော်လွန်းပါတယ်နော်။ စာဖတ်ပရိသတ်ကြီးရဲ့ ဆယ်တန်းတုန်းက အမှတ်လေးတွေ ထုတ်ကြွားသွားခဲ့ပါအုန်း။




ZAWGYI VERSION
ဆယ်တန်းတုန်းက ဘာသာရပ်တစ်ခုမှာ တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရခဲ့တဲ့ ငွေတီဦး












&nbs




Crd