အိမ်ပြန်ရောက်ဖို့ကြိုးစားရင်း အိမ်ပြန်မရောက်တော့တဲ့ ဆြာကျောင်

News

ဒီး​မော့ဆို ​သေး​လေးဆူတိုက်ပွဲတွင် KGZ တပ်မှ CDM​ကျောင်းဆရာ ရဲ​ဘော်​ဇော်လင်းထွန်း ကျဆုံး

—People’s Spring
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးလေးဆူ တိုက်ပွဲ ၌ Karenni Generation Z တပ်ဖွဲ့မှ CDM ​ကျောင်းဆရာ ရဲဘော် ဇော်လင်းထွန်း ကျဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်သည်။ယနေ့(မတ်လ ၉ ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စနိုက်ပါကြောင့် ထိမှန်၍ ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်နော်ရှေ့တန်းမှာ ပိတ်မိနေရင် ဘယ်သူမှမကျန်တော့လည်း ကျွန်နော်တို့ရဲ့အသက်ကို ရတဲ့နည်းကယ်ခဲ့တယ်။ ပေးဆပ်ခဲ့နော် အခုတော့ဗျ ဆြာကျောင်းအသက်ကျွန်နော်တို့ဘာလို့မကယ်နိုင်ခဲ့တာလဲဗျ။ဆြာကျောင်းဟာ တော်လှန်ရေးမှာ အမျှော်အမြင်ရှိသောခေါင်းဆောင် တစ်ယောက်လည်းဖြစ်တယ် ။ဆရာတစ်ယောက်ထက်ပိုလုပ်ပြနိုင်ခဲ့တာတွေ အများကြီးရှိတယ်”ဟု KGZ ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဝမ်းနည်းစကား ဆိုသည်။

အသက် (၂၄)နှစ်အရွယ် ကျဆုံး ရဲဘော်ဇော်လင်းထွန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ခဲ့ပြီး Karenni Generation Z (KGZ) တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အလားတူ ယနေ့ နံနက် ၂နာရီခန့် ဒီးမော့ဆိုမြို့နယ်၊ဆောင်ဒူလာကျေးရွာသို့ အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် Free Burma Rangers (ကရင်နီ)တပ်ဖွဲ့ဝင် အမျိုး သမီးတစ်ဦး ကျဆုံးခဲ့ကြောင်း WE ARE KNDFက ထုတ်ပြန်သည်။

လဝက်ကျော်ကြာမြင့်ပြီဖြစ်သော ဒီးမော့ဆို မြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ် ကောင်စီ၏ ထိုးစစ်ကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များပူးပေါင်း၍ ခုခံစစ်ဆင်နွှဲ ရာတွင် နေ့စဥ်တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀ခန့် ကျဆုံးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် သေဆုံးလျက်ရှိကာ ၎င်းတို့ အထိနာနေသည့် နေ့ရက်များတွင် တိုက်လေယာဥ်များအပါအဝင် လေနက်ကြီးပစ်ကူများစွာကို အကြမ်းဖက်စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သည်။

ဒီး​ေမာ့ဆို ​ေသး​ေလးဆူတိုက္ပြဲတြင္ KGZ တပ္မွ CDM​ေက်ာင္းဆရာ ရဲ​ေဘာ္​ေဇာ္လင္းထြန္း က်ဆုံး

—People’s Spring
ကရင္နီျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေသးေလးဆူ တိုက္ပြဲ ၌ Karenni Generation Z တပ္ဖြဲ႕မွ CDM ​ေက်ာင္းဆရာ ရဲေဘာ္ ေဇာ္လင္းထြန္း က်ဆုံးခဲ့ရေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားက ထုတ္ျပန္သည္။ယေန႔(မတ္လ ၉ ရက္)တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ စနိုက္ပါေၾကာင့္ ထိမွန္၍ က်ဆုံးခဲ့ရျခင္း ျဖစ္သည္ဟု ဆိုသည္။

“ကၽြန္ေနာ္ေရွ႕တန္းမွာ ပိတ္မိေနရင္ ဘယ္သူမွမက်န္ေတာ့လည္း ကၽြန္ေနာ္တို႔ရဲ့အသက္ကို ရတဲ့နည္းကယ္ခဲ့တယ္။ ေပးဆပ္ခဲ့ေနာ္ အခုေတာ့ဗ် ၾဆာေက်ာင္းအသက္ကၽြန္ေနာ္တို႔ဘာလို႔မကယ္နိုင္ခဲ့တာလဲဗ်။ၾဆာေက်ာင္းဟာ ေတာ္လွန္ေရးမွာ အေမၽွာ္အျမင္ရွိေသာေခါင္းေဆာင္ တစ္ေယာက္လည္းျဖစ္တယ္ ။ဆရာတစ္ေယာက္ထက္ပိုလုပ္ျပနိုင္ခဲ့တာေတြ အမ်ားႀကီးရွိတယ္”ဟု KGZ ရဲေဘာ္တစ္ဦးက ၎၏ လူမႈကြန္ရက္မွတဆင့္ ဝမ္းနည္းစကား ဆိုသည္။

အသက္ (၂၄)ႏွစ္အရြယ္ က်ဆုံး ရဲေဘာ္ေဇာ္လင္းထြန္းမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာ ျပည္သူ႔အာဏာဖီဆန္ေရးလႈပ္ရွားမႈ – CDM တြင္ ပါဝင္ခဲ့ၿပီး Karenni Generation Z (KGZ) တပ္ဖြဲ႕ဝင္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

အလားတူ ယေန႔ နံနက္ ၂နာရီခန္႔ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ေဆာင္ဒူလာေက်းရြာသို႔ အၾကမ္းဖက္စစ္တပ္၏ ဗုံးၾကဲတိုက္ခိုက္ျခင္းေၾကာင့္ Free Burma Rangers (ကရင္နီ)တပ္ဖြဲ႕ဝင္ အမ်ိဳး သမီးတစ္ဦး က်ဆုံးခဲ့ေၾကာင္း WE ARE KNDFက ထုတ္ျပန္သည္။

လဝက္ေက်ာ္ၾကာျမင့္ၿပီျဖစ္ေသာ ဒီးေမာ့ဆို ၿမိဳ႕နယ္ကို ထိန္းခ်ဳပ္ေရးအတြက္ အၾကမ္းဖက္စစ္ ေကာင္စီ၏ ထိုးစစ္ကို ကရင္နီျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားပူးေပါင္း၍ ခုခံစစ္ဆင္ႏႊဲ ရာတြင္ ေန႔စဥ္တိုက္ပြဲမ်ားျပင္းထန္လ်က္ရွိသည္။

အဆိုပါ တိုက္ပြဲမ်ားအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၃၀ခန္႔ က်ဆုံးထားၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရာေက်ာ္ ေသဆုံးလ်က္ရွိကာ ၎တို႔ အထိနာေနသည့္ ေန႔ရက္မ်ားတြင္ တိုက္ေလယာဥ္မ်ားအပါအဝင္ ေလနက္ႀကီးပစ္ကူမ်ားစြာကို အၾကမ္းဖက္စစ္တပ္က အသုံးျပဳ တိုက္ခိုက္ခဲ့သည္။
#လူထုေႏြဦး

crd

Leave a Reply

Your email address will not be published.