နေအိမ်ချိပ်ပိတ်ခံခဲ့ရတဲ့အပေါ် ခံစားချက်တွေကို ရင်ဖွင့်ရေးသားခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် ဂျပန်ကြီး

News










ဂျပန်ကြီး- TheVoiceMyanmarSeason3 Crd

မိဘတွေပိုင်ဆိုင်တဲ့ နေအိမ်ချိပ်ပိတ်ခံခဲ့ရတဲ့အပေါ် ခံစားချက်တွေကို ရင်ဖွင့်ရေးသားခဲ့တဲ့ ဂျပန်ကြီး The Voice Myanmar Season 3

အဖေနဲ့အမေ ပိုင်တဲ့အိမ် ကျွန်တော်တို့အိမ်လေး ချိတ်ပိတ်ခံ လိုက်ရတယ်ဗျ

ကိုယ်ပိုင်အိမ်ဝန်း ကိုယ်ပိုင်အိမ်တစ်လုံးရဖို့ အဖေက ကျွန်တော်လူလောကထဲ ရောက်လာ ချိန်ကနေ

ယနေ့အချိန်ထိ ရသမျှ အလုပ်မနားတမ်း ကြိုးစား တည်ဆောက်ခဲ့တဲ့ အိမ်လေး ချိတ်ပိတ် ခံလိုက်ရတော့

ကျွန်တော်အဖေ့ကို အရမ်းအား နာတယ်ဗျာ ဘာပြောရမှန်း တောင်မသိလို့ ကျွန်တော် ဖုန်းမဆက်ရဲဘူး

အမေမျက်ရည်တွေနဲ့စိတ်အားငယ်နေမှာသိပေမယ့် အမေ့ကို အရမ်းအားနာပြီး ဘာအားပေးစကားမှ

မပြောနိုင်တဲ့ အတွက်လည်း အရမ်းအားနာတယ် အဖေနဲ့အမေ…

အောင်ပွဲတွေနဲ့ပြန်လာတဲ့နေ့ အများကြီးသားကြိုးစားပါ့မယ် ခုတော့ အဖေနဲ့အမေ့ ကို သားဖုန်းမဆက်ရဲလို့ မဟုတ်ပါဘူး

အဖေနဲ့အမေ့စီကနေ သားကို ပြန်အားပေးနေမယ့် စကားတွေကို သားရင်ဘတ်က မခံနိုင်သေးလို့ပါ

crd

Leave a Reply

Your email address will not be published.