အင်အား ၆၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ မတ် ၁၇
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အင်အား ၆၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို YDF စစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးကြောင်း YDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် ထီးလင်းမြို့ မြောက်ဘက်ရှိ ထိန်တိုင်းရွာနှင့် ဆေးမင်းတောရွာအကြား ရေရှင်လမ်းခွဲတွင် YDF ၏ ယောနက စစ်ကြောင်း နှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၇ ဦးခန့် သေဆုံးခဲ့ကြောင်း ၊ YDF ဘက်မှ ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။
“စစ်ကား ၃၈စီး အင်အား ၆၀၀ ထဲက ရှေ့ထွက်ပွိုင့် အင်အား ၂၀၀လောက်ထွက်လာတာကို တိုက်တာပါဗျ”ဟု YDF တာဝန်ရှိသူက ရှင်းပြသည်။
မတ်လ ၁၃ ရက်နေ့ ပခုက္ကူမြို့မှ ယောဒေသနှင့် ချင်းပြည်နယ်ဘက်သို့ ဦးတည် ထွက်ခွာ လာ သော စစ်ကား အစီး ၈၀ ခန့်သည် မတ်လ ၁၅ ရက်နေ့တွင် ကျောက်ထုမြို့သို့ ရောက်ရှိလာပြီး၊ အဆိုပါ စစ်ကား အစီး ၈၀ ထဲမှ စစ်ကား အစီး ၃၈ စီးနှင့် ခြေလျှင် ရှေ့ပြေး ၂၀၀ စုစုပေါင်း အင်အား ၆၀၀ ခန့် ပါရှိသော စစ်ကြောင်းသည်
ကျောက်ထုမှ ထီးလင်းမြို့ဘက်သို့ ဦးတည် ထွက်လာခဲ့ကြောင်း၊ ယင်း အင်အား ၆၀၀ ခန့်ပါဝင်သော စစ်ကြောင်းရှိ၊ ခြေလျှင် ရှေ့ပြေး စစ်ကြောင်းကို YDF စစ်ကြောင်းမှုး ယောလင်း ဦးဆောင်သော ယောနက စစ်ကြောင်း နှင့် ခရိုင်တပ်ရင်း (၁၇) (၁၈) ပူးပေါင်းတပ်ဖွဲ့က ထီးလင်းမြို့ မြောက်ဘက်ရှိ ထိန်တိုင်းရွာနှင့် ဆေးမင်းတောရွာအကြား ရေရှင်လမ်းခွဲ၌ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကြမ်းဖက် စစ်သား ၇ ဦးခန့် သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဒေသတဝိုက်တွင် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်ပါသဖြင့် ပြည်သူလူထုအား သတိထားနေထိုင်ကြဖို့နှင့် မလိုအပ်ဘဲ ခရီးမသွားကြရန် YDF က သတိပေးထားသည်။
“ပြည်သူတွေကို ပြောချင်တာက YDF အနေနဲ့ လမ်းတွေအသုံးမပြုဖို့ ပိတ်ထားတာမျိုးမရှိပါဘူး။အတတ်နိုင်ဆုံးတော့ မလိုအပ်ပဲခရီးမသွားကြဖို့ပါပဲ” ဟု YDF တာဝန်ရှိသူက တိုက်တွန်း နှိုးဆော်သည်။

Crd