မင်းအောင်လှိုင်ပြောဆိုမှုဟာ

News

အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုမှုဟာ မိစ္ဆာပါးစပ်က နတ်စကားထွက်ခြင်းဟုဆို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က လက်အောက်ငယ်သားများကို ညှင်းပန်းနှိပ်စက် မုဒိန်းကျင့်သတ်ဖြတ်ရန် ခွင့်ပြုပေးထားပြီး နိုင်ငံ့ခေါင်းဆောင်ယောင်ယောင် အမျိုးသမီးများနှင့် ပတ်သက်၍ ပြောဆိုနေခြင်းသည် မိစ္ဆာပါးစပ်က နတ်စကားထွက်ခြင်းသာဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာ အစီရင်ခံစာ၊ စံချိန်စံညွှန်းများအား ကိုးကားပြီး မတ်လ ၈ ရက်က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ဟာ တိုင်းပြည်အာဏာကို ၂ နှစ်ကျော်ကြာ တရားမဝင်သိမ်းယူဖို့ ဆက်လက်ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်ပါ။ ခုလို နိုင်ငံ့ခေါင်းဆောင်ယောင်ယောင် နိုင်ငံတကာ စံချိန်စံညွှန်းတွေ ကိုးကားသုံးနှုံးပြောဆိုနေတာ။ အထူးသဖြင့် သူ့ရဲ့ရာဇဝတ်သားတပ်တွေ ပြည်သူအပေါ် အကြမ်းဖက်ညှင်းပန်း နှိပ်စက်လူသတ် ဓားပြတိုက်နေယုံမက

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမုဒိန်းကျင့် သတ်ဖြတ်နေတာကို လုပ်ခွင့်ပေးထားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်က နိုင်ငံအရပ်ရပ် အမျိုးသမီးထုကြီး ခက်ခက်ခဲခဲကြိုးစားမှုတွေကို အသိအမှတ်ပြုပေးထားတဲ့ ခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ခုလို ကလိမ်ကကျစ် အရှက်မရှိပြောတာဟာ ကျမတို့ မြန်မာနိုင်ငံမက နိုင်ငံတကာအမျိုးသမီးထု အထူးသဖြင့် နွေဦးတော်လှန်အမျိုးသမီးထုကို စော်ကားတာဘဲ။ မိစ္ဆာပါးစပ်က နတ်စကားထွက်တာပါဘဲ” ဟု ဒေါ်ခင်ဥမ္မာမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

နိုင်ငံပေါင်း ၅၁ နိုင်ငံ၏ လေ့လာမှုတစ်ခုအရ အမျိုးသမီး ၃၈ ရာခိုင်နှုန်းသည် အွန်လိုင်းအကြမ်းဖက်မှုများကို ကိုယ်တိုင်ကြုံတွေ့နေရပြီး ကိုဗစ်ကာလအတွင်း အွန်လိုင်းကို အချိန်ပိုမိုသုံးစွဲခဲ့သော အမျိုးသမီးများအနေဖြင့် အွန်းလိုင်းနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာများတွင် အကြမ်းဖက်ခံရမှု တိုးမြင့်လာကြောင်း လေ့လာမှုအစီရင်ခံစာ၌ ဖော်ပြထားတာကို တွေ့ရှိရသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သော်လည်း ၎င်းတို့၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

“ခုဆိုရင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်မက နိုင်ငံတနိုင်ငံချင်းစီရဲ့ ပြည်တွင်းတရားရုံးတွေမှာပါ နိုင်ငံတကာဥပဒေကို သုံးပြီး မင်းအောင်လှိုင်နဲ့တစုကို တရားစွဲနေကြ၊ စွဲဖို့ကြိုးစားနေကြပါပြီ။ လက်ရှိမြင်နေရတာတော့ အာဂျင်တီးနား၊ တူရကီ၊ ဂျာမနီ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာပါ။ ICC ဆိုတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာလည်း တရားစွဲနိုင်ဖို့ ကြိုးစားနေကြပါတယ်။ တော်လှန်ရေး နိုင်ပြီဆိုရင်တော့ ပြည်တွင်းမှာ နိုင်ငံတကာတရားစီရင်ရေး အကူအညီနဲ့ တရားစွဲနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ခဲ့သည့် NUCC နှင့် NUG ပူးတွဲကြေညာချက်အရ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများကြောင့် ထိုနေ့အထိ အမျိုးသမီး ၄၈၃ ဦး သေဆုံးခဲ့ပြီး အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံရသူ အမျိုးသမီး ၃,၁၂၅ ဦးအထိ ရှိလာကြောင်း သိရသည်။

“နောက်ပြီး အမျိုးသမီးတွေအပေါ် အထူးသဖြင့် တော်လှန်ရေးနယ်တွေမှာ တော်လှန်ရေးကို ဖျက်ဆီးဖို့အတွက်ပါ တမင်ရည်ရွယ်ချက်ရှိရှိ မုဒိမ်းကျင့်သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှု war crimes နဲ့ လူသားဖြစ်တည်မှုအပေါ် ကျူးလွန်တဲ့ crimes against humanity မြောက်တယ်။ ဒီလိုကျူးလွန်မှုတွေအားလုံးအတွက် မင်းအောင်လှိုင် ပြန်ပေးဆပ်ရပါလိမ့်မယ်” ဟု ရှေ့ပြေးအသံအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီး ၁၁ ဦးရှိပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး ၁၅ ဦးအထိရှိကာ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ အမျိုးသမီး ၁၂၂ ဦးရှိသည်ဟု ဖော်ပြထားသော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်ကတော့ ငြင်းဆန်နေခဲ့သည်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published.