unicode
Credit
သူ့အိမ် ချိတ်ပိတ် ခံရပေမယ့် သွေးအေးအေးနဲ့ ဟာသ လုပ်ပြီး ပြန်ပြောနိုင်ခဲ့သေးတဲ့ ဒါရိုက်တာ ကိုပေါက်
zawgyi
သူ့အိမ် ချိတ်ပိတ် ခံရပေမယ့် သွေးအေးအေးနဲ့ ဟာသ လုပ်ပြီး ပြန်ပြောနိုင်ခဲ့သေးတဲ့ ဒါရိုက်တာ ကိုပေါက်
မဂ်လာပါပရိတ်သတ်ကြီးရေ သူ့အိမ် ချိတ်ပိတ်ခံလိုက်ရတဲ့ အကြောင်းကို အနုပညာ ရှင်ပီပီ ဟာသနှောပီး 3D အပိုင်တစ်ကွက် ပြောပြလာတဲ့ ဒါရိုက်တာ ကိုပေါက် ကိုပေါက်ဆိုတာ သရုပ်ဆောင်ပိုင်းမှာရော ဒါရိုက်တာအပိုင်းမှာပါ
ပြောစရာမရှိ လောက်အောင် တော်လွန်းလို့ ပရိတ်သတ်တွေ ချစ်ခင် အားပေးမှု့ကို အပြည့်အဝ ပိုင်ဆိုင် ထားနိုင်သူပဲ ဖြစ်ပါတယ်နော်။ ကိုပေါက်ဟာ အနုပညာ လောကထဲမှာ ဇာတ်ပို့ဇာတ်ရံကောင်း တစ်ယောက်အ နေနဲ့
စတင်လာခဲ့ ပြီးတော့အခု နောက်ပိုင်းမှာတော့အောင်မြင်တဲ့ သရုပ်ဆောင် ဒါရိုက်တာ တစ်ယောက်ဖြစ်လို့ နေခဲ့ပါပြီ။ ကိုပေါက်ဟာ မြန်မာ နိုင်ငံမှာ အာဏာသိမ်းမှု စတင် ဖြစ်ပေါ်က တည်းကပြည် သူတွေ နဲ့ အတူ
တစ်သားတည်းတစ်စိတ်တည်း ရပ်တည် ကာလူထု ဆန္ဒထုတ် ဖော်ပွဲတွေမှာလဲ ပြည်သူတွေ နဲ့အတူ တစ်ရက်မှ မပြတ် ပါဝင်ဆင်နွှဲခဲ့ ပါတယ်။ ကိုပေါက်ဟာ CDM အရေး တက်ကြွလှုပ်ရှားမှု ကြောင့် ပုဒ်မ
၅၀၅ (က) ဖြင့်အမှုဖွင့် ခံခဲ့ရပြီ ယခုအချိန်မှာ လွတ်မြောက် နယ်မြေကို ရောက်ရှိနေကြ ပြီဖြစ်ပါတယ်နော် ။ ဒီနေ့မှာတော့ ကို ပေါက်က သူ့အိမ်ကို ချိတ်လာပိတ် တဲ့အ ကြောင်းကို အခုလိုဟာနှောပြီး ပြောပြလာပါတယ် ။
ကျုပ်ကို ၁၇.၂.၂၀၂၁ မှာ ၅၀၅ (က)နဲ့ သူတို့က ဖမ်းဝရမ်းထုပ်တယ်။ ၁၇.၁၂.၂၀၂၁ မှာကျုပ် အိမ်ကို သူတို့က သနတ်နဲ့ ၉ချက်လာပစ်တယ်။ ဒီနေ့ ၂၁.၂ ၂၀၂၂ မှာ ကျနော့်အိမ်ကို သူတို့က ချိတ်လာပိတ်တယ်။ အင်း!
လက်ရှိအဖြစ် အပျက်တွေကို ခြုံငုံပြီးသုံး သပ်ရရင်တော့ ဒီတပတ် တကွက်တည်း ပုံအောရမယ့် အကွက်က ၁၇၂ မှတ်ချက် ပေါက်ရင်တော့ lucky money လေးတော့ပေးကြပေါ့။” ဆိုပြီး ကိုအောင်မင်းနိုင် (ကိုပေါက်) က လူမှုကွန်ယက်မှာတင် ထားတာပဲဖြစ်ပါတယ်။
Credit