unicode
ဝင်ငွေကျက်သေံမထွက် ဆီဈေးတက်တာကျ USနဲ့ ပုခုံးချင်း တက်ယှဉ်နေသေးတာ။
ပန်ဆယ်လို
ဆီဈေးအတက် USနဲ့ ပုခုံးချင်း တက်ယှဉ်နေသေးတဲ့သူတွေကို တွက်ပြလိုက်တဲ့ ပန်ဆယ်လို
unicode
ဆီဈေးအတက် USနဲ့ ပုခုံးချင်း တက်ယှဉ်နေသေးတဲ့သူတွေကို တွက်ပြလိုက်တဲ့ ပန်ဆယ်လို
ဆီတစ်လီတာ နှစ်ထောင်ကျော်ဆိုတာ တစ်ဂါလံ တစ်သောင်းဝန်းကျင်လို့ အကြမ်းဖျင်းတွက်လို့ရတယ်။
USမှာလည်း တက်တယ်။ အရင်က တစ်ဂါလံ4$ ကျော်ကနေ 5$ ကျော်သွားပြီ။ မြန်မာငွေ တစ်သောင်းဝန်းကျင်ပေါ့။
ဆီဈေးက တစ်ကမ္ဘာလုံးတက်နေတာလို့ ဘောမတွေက ပြောကြတယ်။ သူတို့ ထည့်မတွက်တတ်တာက ပြည်သူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပဲ။
US မှာ အခြေခံလုပ်သားတစ်ယောက်ဟာ တစ်လကို USD 2000 နဲ့ 2500 ကြားရတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်းလေးဆယ်နဲ့ ငါးဆယ်ကြားရတယ်။
မြန်မာပြည်က အခြေခံအလုပ်သမားတစ်ယောက်ရဲ့ လစာဟာ တစ်လကို နှစ်သိန်းပတ်လည်ပဲ။ 10% တောင် မရဘူး။
ဆီဈေးတက်တာဟာ ကားစီးနိုင်တဲ့လူတန်းစားနဲ့ တိုက်ရိုက်ပတ်သက်သလို ကားမစီးနိုင်တဲ့လူတန်းစားနဲ့လည်း ပတ်သက်တယ်။ ကုန်ထုတ်လုပ်မှုစားရိတ်တက်လာလို့ ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ ပိုမိုကြပ်တည်းလာမှာပဲ။
နင်တို့ောမတွေလည်း လူကသာ ငတ်နေတာ။ ပထွေးောတော့ လက်ကမချဘူး။ ဝင်ငွေကျ 10% တောင် မရတဲ့နိုင်ငံက ဆီဈေးတက်တာကျ USလည်း တက်တာပဲ လုပ်နေသေးတယ်။ အံ့ဩပ။
ဝင်ငွေကျက်ေသံမထွက် ဆီဈေးတက်တာကျ USနဲ့ ပုခုံးချင်း တက်ယှဉ်နေသေးတာ။
ဘဘောက်ပုလက်ထက်မှ ဆီဈေးက နိုင်ငံတကာ အဆင့်မီ USနဲ့ လယ်ဗယ်ဖြစ်တော့တယ်များ ကြိတ်ဂုဏ်ယူနေကြလားမသိ။
ပန်ဆယ်လို