
News








Crd

ကဲဗျာ ပြည်သူ့ကျေးဇူး လေယာဉ်မှုးတွေ ရူးကြစေ လာတော့မယ်ဟေ့ ကောင်းကောင်းးးးး

သတင်းကောင်းပါရှင်၊ သတင်းကောင်းပါ..

ကရင်နီပြည်နယ်၊ KNDF အဖွဲ့အတွက် သိန်းတစ်ထောင် ပရောဂျက်က ၇ရက်အတွင်းမှာပဲ မူလလျာထားတဲ့ ငွေပြည့်ရုံမက သိန်းရာဂဏန်းပါကျော်သွားပါပြီ.. အသေးစိတ်ကိုကတော့ ဒီတစ်ပတ်ထဲ ငွေစာရင်းထုတ်ပြန်ပေးပါ့မယ်..

အခုလို အချိန်တိုအတွင်းမှာ သိန်းတစ်ထောင်ကျော်တာဟာ လှူပေးကူပေးသူတွေ၊ ငွေလွှဲကိစ္စ ကူအားဖြည့်ကြတဲ့ Volunteers တွေ၊ ကူအလှူခံပေးတဲ့ share ပေးတဲ့သူတွေ၊ အတူလက်တွဲပေးတဲ့ Save ¥100 a day for Myanmar-Japan တို့ရဲ့ ကျေးဇူးတွေပါပဲ.. အားလုံးရဲ့ အားထုတ်မှုတွေပါ..

ဒီငွေတွေဟာ ဘယ်ရောက်မလဲဆို သိန်းတစ်ထောင်လုံး ကရင်နီ KNDF အဖွဲ့အတွက် ရောက်မှာ ဖြစ်ပြီး ပိုတဲ့ငွေတွေကတော့ ကရင်နီနယ်ထဲက Local PDF အဖွဲ့တွေအတွက် နှုတ်ခမ်းနီဖိုး ဝေမျှ ထောက်ပို့မှာ ဖြစ်ပါတယ်..

POEM အတွက်လည်း ကဗျာမလေးတွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်တွေကို ထားပြီး ဖြစ်အောင်လည်း မရမက အားထုတ်ကြောင်းကို အပြောနဲ့မဟုတ်၊ အလုပ်နဲ့ ထပ်ပြီး သက်သေပြလိုက်နိုင်တာမို့ ပိုအားတက်ရတာပါပဲ..

ဒီတော်လှန်ရေးမပြီးမချင်း အတူတူ အစွမ်းကုန် ရုန်းကန်ကြိုးစားပြီး ဒီပွဲကို အနိုင်တိုက်ကြရအောင်ပါနော်..

Crd

Leave a Reply

Your email address will not be published.