ပြည်သူ့စစ်သားဇနီးများအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ တော်လှန် ရေး သတင်းစကား (ရုပ်သံ)

News

ပြည်သူ့စစ်သားဇနီးများအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ တော်လှန် ရေး သတင်းစကား (ရုပ်သံ)

“တော်လှန်ရေးလို့ပြောရင် စစ်အုပ်စု တင်မကဘူး စစ်အုပ်စုက သွတ်သွင်းထားတဲ့ ဖိုဝါဒီကိုပါ ပျက်သုဉ်းသွားအောင် ဆန့်ကျင်ကြရမယ်”

By ပြည်သူ့စစ်သားဇနီးများ

ဒီနေ့ မတ်လ (၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ International Women Day အတွက် ကျမတို့ ပြည်သူ့စစ်သားဇနီးများအဖွဲ့ရဲ့သတင်းစကား ကတော့-”ကျွန်မတို့မျိူးဆက်ကလေးတွေမှာ ဒီလို ခွဲခြားနှိမ်ချတတ်တဲ့အလေ့အထ အတွေးအခေါ်၊ အယူသီးမှုတွေ ရန်မှကင်းဝေးပြီး လူသားတယောက်အနေနဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ တန်းတူအခွင့်အရေးတွေရရှိဖို့ဆိုရင် ကျမတို့အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အချက်ပါပဲ။

တော်လှန်ရေးလို့ပြောရင် စစ်အုပ်စု တင်မကဘူး စစ်အုပ်စုက သွတ်သွင်းထားတဲ့ ဖိုဝါဒီကိုပါ ပျက်သုဉ်းသွားအောင် ဆန့်ကျင်ကြရမယ်။ ဖက်ဒရယ်ဒီမိုကရေစီ လူသားတိုင်းကို လေးစားတန်ဖိုးထားတတ်တဲ့ အတွေးအမြင်တွေနဲ့ အစားထိုးလို့ နိုင်ငံတော်သစ်ကို ကိုယ်တိုင်ကစ အခုချိန်ကစ ချီတက်ကြရမယ်။”

တစ်ကမ္ဘာလုံးရှိ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့အတွက် အတူ တကွတိုက်ပွဲဝင်နေကြသော အမျိုးသမီးများနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်နေကြသော အမျိုးသမီးများကို International Women Day မှာ ဂုဏ်ပြု အပ်ပါတယ်။

Khit Thit Media

Crd

ျပည္သူ႔စစ္သားဇနီးမ်ားအဖြဲ႕၏ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးေန႔ ေတာ္လွန္ ေရး သတင္းစကား (ရုပ္သံ)

“ေတာ္လွန္ေရးလို႔ေျပာရင္ စစ္အုပ္စု တင္မကဘူး စစ္အုပ္စုက သြတ္သြင္းထားတဲ့ ဖိုဝါဒီကိုပါ ပ်က္သုဥ္းသြားေအာင္ ဆန႔္က်င္ၾကရမယ္”

By ျပည္သူ႔စစ္သားဇနီးမ်ား

ဒီေန႔ မတ္လ (၈)ရက္ေန႔ဟာ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႔ ျဖစ္ပါတယ္။ International Women Day အတြက္ က်မတို႔ ျပည္သူ႔စစ္သားဇနီးမ်ားအဖြဲ႕ရဲ႕သတင္းစကား ကေတာ့-”ကြၽန္မတို႔မ်ိဴးဆက္ကေလးေတြမွာ ဒီလို ခြဲျခားႏွိမ္ခ်တတ္တဲ့အေလ့အထ အေတြးအေခၚ၊ အယူသီးမႈေတြ ရန္မွကင္းေဝးၿပီး လူသားတေယာက္အေနနဲ႔ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ တန္းတူအခြင့္အေရးေတြရရွိဖို႔ဆိုရင္ က်မတို႔အားလုံးမွာ တာ၀န္ရွိတယ္ဆိုတဲ့အခ်က္ပါပဲ။

ေတာ္လွန္ေရးလို႔ေျပာရင္ စစ္အုပ္စု တင္မကဘူး စစ္အုပ္စုက သြတ္သြင္းထားတဲ့ ဖိုဝါဒီကိုပါ ပ်က္သုဥ္းသြားေအာင္ ဆန႔္က်င္ၾကရမယ္။ ဖက္ဒရယ္ဒီမိုကေရစီ လူသားတိုင္းကို ေလးစားတန္ဖိုးထားတတ္တဲ့ အေတြးအျမင္ေတြနဲ႔ အစားထိုးလို႔ ႏိုင္ငံေတာ္သစ္ကို ကိုယ္တိုင္ကစ အခုခ်ိန္ကစ ခ်ီတက္ၾကရမယ္။”

တစ္ကမာၻလုံးရွိ လူ႔အခြင့္အေရး၊ တရားမွ်တမႈႏွင့္ ၿငိမ္းခ်မ္းေရးတို႔အတြက္ အတူ တကြတိုက္ပြဲဝင္ေနၾကေသာ အမ်ိဳးသမီးမ်ားနဲ႔အတူ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ စစ္အာဏာရွင္စနစ္ကို ရဲရဲေတာက္ဆန္႔က်င္ေနၾကေသာ အမ်ိဳးသမီးမ်ားကို International Women Day မွာ ဂုဏ္ျပဳ အပ္ပါတယ္။

Khit Thit Media

;

Crd

Leave a Reply

Your email address will not be published.