အလ်င္အျမန္တိုးတက္လာတဲ့ NUG ေျခလွမ္း




ေလးလအတြင္း NUG ရဲ့ ေငြတိုက္စာခ်ဳပ္ ၆၁,၀၀၀ ေက်ာ္ေရာင္းခ်နိုင္ ရန္ကုန္၊ မတ္ ၅ ေလးလအတြင္းမွာ
အထူးေငြတိုက္စာခ်ဳပ္အေစာင္ေရ စုစုေပါင္း ၆၁,၀၀၀ ေက်ာ္ ေရာင္းခ်နိုင္ခဲ့တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)၊
စီမံကိန္းဘ႑ာေရးနဲ႔ ရင္းႏွီးျမႇုပ္ႏွံမွုဝန္ႀကီးဌာနက ေျပာေၾကာင္း ျပည္တြင္းသတင္းဌာနတစ္ခုရဲ့ ဒီေန႔ မတ္လ ၅ ရက္ေန႔ ေဖာ္ျပခ်က္အရ သိရပါတယ္။




အတိုးမဲ့စာခ်ဳပ္ေတြျဖစ္တဲ့ အထူးေငြတိုက္စာခ်ဳပ္ေတြကို အေမရိကန္ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ ဆိုၿပီး
သတ္မွတ္ေရာင္းခ်ကာ စာခ်ဳပ္သက္တမ္းဟာ ႏွစ္ႏွစ္ျဖစ္ၿပီး သက္တမ္းကုန္ခ်ိန္မွာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြနဲ႔အညီ
လႊဲေျပာင္းေရာင္းခ်တာေတြ ၊ ဝယ္ယူတာေတြ ေဆာင္ရြက္ပိုင္ခြင့္ရွိတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၁၊ နိုဝင္ဘာ ၂၂ ရက္ေန႔က စတင္ကာ ေငြတိုက္စာခ်ဳပ္ေတြကို ထုတ္ေဝေရာင္းခ်ေနတာ ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ




အေစာင္ေရစုစုေပါင္း ၆၁,၀၇၄ ေစာင္ေရာင္းခ်နိုင္တယ္လို႔ သိရပါတယ္။
ေငြတိုက္စာခ်ဳပ္ေတြကို ျပည္တြင္းမွာသာမကဘဲ ျပည္ပမွာပါ ေရာင္းခ်ေနကာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က
နယူးေယာက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ေငြတိုက္စာခ်ဳပ္ေရာင္းခ်ပြဲမွာ ၃ နာရီအတြင္း အေမရိကန္ေဒၚလာ ၁၆၈,၂၀၀ ဖိုးေရာင္းခ်နိုင္ခဲ့တယ္လို႔ သိရပါတယ္။
Credit
Unicode,
အလျင်အမြန်တိုးတက်လာတဲ့ NUG ခြေလှမ်း




လေးလအတွင်း NUG ရဲ့ ငွေတိုက်စာချုပ် ၆၁,၀၀၀ ကျော်ရောင်းချနိုင် ရန်ကုန်၊ မတ် ၅ လေးလအတွင်းမှာ
အထူးငွေတိုက်စာချုပ်အစောင်ရေ စုစုပေါင်း ၆၁,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊
စီမံကိန်းဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုရဲ့ ဒီနေ့ မတ်လ ၅ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။
အတိုးမဲ့စာချုပ်တွေဖြစ်တဲ့ အထူးငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ ဆိုပြီး




သတ်မှတ်ရောင်းချကာ စာချုပ်သက်တမ်းဟာ နှစ်နှစ်ဖြစ်ပြီး သက်တမ်းကုန်ချိန်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ
လွှဲပြောင်းရောင်းချတာတွေ ၊ ဝယ်ယူတာတွေ ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ငွေတိုက်စာချုပ်တွေကို ထုတ်ဝေရောင်းချနေတာ ဖြစ်ပြီး လက်ရှိအချိန်အထိ
အစောင်ရေစုစုပေါင်း ၆၁,၀၇၄ စောင်ရောင်းချနိုင်တယ်လို့ သိရပါတယ်။




ငွေတိုက်စာချုပ်တွေကို ပြည်တွင်းမှာသာမကဘဲ ပြည်ပမှာပါ ရောင်းချနေကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က
နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ငွေတိုက်စာချုပ်ရောင်းချပွဲမှာ ၃ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၆၈,၂၀၀ ဖိုးရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
Credit