နိုင်ငံတစ်ဝန်း မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာ




ရန်ကုန်၊ မတ် ၆
လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ
ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့်




ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်
ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို
ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊




ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း
အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ
ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း




ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။
ယခင်က အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊
လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက်
ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊




တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
Credit
Zawgyi,
ႏိုင္ငံတစ္ဝန္း မတ္လ ၁၂ ရက္မွ မတ္လ ၁၈ ရက္ေန႔အထိ တစ္ပတ္တိတိ လွ်ပ္စစ္မီး ၂၄ နာရီ ျပတ္ေတာက္မည္ဟု စစ္ေကာင္စီက ေၾကညာ




ရန္ကုန္၊ မတ္ ၆
လာမည့္ မတ္လ ၁၂ ရက္ေန႔မွ မတ္လ ၁၈ ရက္ေန႔အထိ တစ္ပတ္ လွ်ပ္စစ္မီး ၂၄ နာရီ
ျပတ္ေတာက္မည္ျဖစ္ေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီက ေၾကညာသည္။
လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ကမ္းလြန္သဘာ၀ဓာတ္ေငြ႕စီမံကိန္းမ်ားျဖစ္ေသာ ရတနာ၊ ေဇာတိကႏွင့္
ေ႐ႊကမ္းလြန္စီမံကိန္းမ်ားႏွင့္ ကုန္းတြင္း ဓာတ္ေငြ႕တြင္းမ်ားမွ သဘာ၀ဓာတ္ေငြ႕အသုံးျပဳ၍ ဓာတ္အား ၁၄၅၅ မဂၢါဝပ္
ထုတ္လုပ္ေနေၾကာင္း၊ ထပ္မံ ေတြ႕ရွိရသည့္ သဘာ၀ဓာတ္ေငြ႕တြင္း သစ္ ၂ ခုမွ ဓာတ္ေငြ႕မ်ားကို




ဓာတ္အားထုတ္လုပ္ႏိုင္ေရး ေရေအာက္ပိုက္လိုင္းဆက္သြယ္ေရးကို မတ္လ ၁၂ ရက္ေန႔မွ မတ္လ ၁၈ ရက္ေန႔အထိ
ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ သဘာ၀ဓာတ္ေငြ႕ျဖင့္ ဓာတ္အားထုတ္လုပ္ေနမႈတခ်ိဳ႕ကို ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း၊
ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားကို မတ္လ ၁၂ ရက္မွ မတ္လ ၁၈ ရက္ေန႔အထိ တစ္ပတ္အတြင္း ႏိုင္ငံတစ္ဝန္း
အခ်ိဳ႕ေသာေနရာမ်ားတြင္ ၂၄ နာရီ မီးျပတ္မည္ျဖစ္ေၾကာင္း စစ္ေကာင္စီက ေၾကညာသည္။
လက္ရွိတြင္ LNG ဓာတ္အားေပးစက္႐ုံမ်ားတြင္ LNG ေစ်းႏႈန္းျမင့္တက္မႈေၾကာင့္ မလည္ပတ္ႏိုင္ေတာ့ဘဲ




ရပ္တန႔္ထားေၾကာင္း၊ ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္စက္႐ုံမွ ထြက္ရွိေသာ ဓာတ္အားမွာလည္း ဓာတ္အားလိုင္းမ်ားလည္း
ေဖာက္ခြဲခံထားရ၍ ျပင္ဆင္ရန္ ႀကိဳးပမ္းေနရေၾကာင္း စစ္ေကာင္စီက ေၾကညာသည္။
ယခင္က အျမင့္ဆုံး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၄၂၀၀ ထုတ္လုပ္ႏိုင္ေၾကာင္း၊
လက္ရွိတြင္ ဓာတ္အား ၂၁၇၇ မဂၢါဝပ္သာ ထုတ္ လုပ္ႏိုင္ေၾကာင္း၊ ဓာတ္ေငြ႕ပိုက္လိုင္း သစ္မ်ားသြယ္တန္းရန္အတြက္




ဓာတ္ေငြ႕မွ လွ်ပ္စစ္ထုတ္လုပ္မႈ ရပ္ဆိုင္းမည္ျဖစ္ရာ လွ်ပ္စစ္ဓာတ္အား ၁၃၀၄ မဂၢါဝပ္ ထပ္မံ ေလ်ာ့နည္းမည္ျဖစ္ေၾကာင္း၊
တစ္ႏိုင္ငံလုံးတြင္ ၈၇၃ မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး ၂၄ နာရီ မီးျဖတ္ေတာက္မႈမ်ားျဖစ္ေပၚမည္ျဖစ္ ေၾကာင္း စစ္ေကာင္စီက ေၾကညာထားသည္။
Credit