ချိုးဖြူများ အတုလုပ်ရသေးလားဗျာ

News

ချိုးဖြူဌက် အတုလွှတ်ကာ စစ်ကောင်စီ လွတ်လပ်ရေးနေ့ အခမ်းအနားပြုလုပ်

ဂန္ဒမာ(မဇ္ဈိမ)။ ။ စိန်ရတုလွတ်လပ်ရေးနေ့ (၇၅) နှစ်မြောက် အခမ်းအနားကို စစ်ကောင်စီက ခိုငှက်ကို ဆေးဖြူသုတ်ထားသည့် ချိုးဖြူဌက် အတုလွှတ်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီမှ စတင်ကာ နေပြည်တော်တွင် ကျင်းပခဲ့ပြီး သတ္တဝါများ လွတ်လပ်စေရန် ရည်ရွယ်၍ ထိုသို့ ကျင်းပခဲ့ကြောင်း သိရသည်။

“၇၅ နှစ်ပြည့်မလို့ ချိုးဖြူ အကောင် ၇၅၀ လွှတ်တယ်။ လွှတ်ချင်တာက ချိုးဖြူ၊ သူကရှားတော့ ခိုတွေကို ဆေးသုတ်ပြီးထည့်ထားတာ ချိုးကနည်းနည်းပဲပါတယ်။

ငှက်တွေတောင် မအလကို ဂုဏ်မပြုဘူးလို့။ လွှတ်ပေးတဲ့အချိန်စစ်ကြောင်းတွေကြားထဲ ပြုတ်ကျလို့” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်ရသော နေပြည်တော်ရှိ ဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

အမြှောက်၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုပြီး‌‌နောက် လှောင်အိမ်ထဲတွင် အချိန်ကြာမြင့်စွာ ဖမ်းချုပ်ထားသည့် ထိုဌက်များကို လွှတ်ပေးစဉ် ငှက်အချို့မှာ ပျံသန်းနိုင်ခြင်းမရှိတော့ဘဲ စစ်ရေးပြသည့် စစ်ကြောင်းများထဲသို့ ပြုတ်ကျခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာပြည်ကြီး ငြိမ်းချမ်းနေကြောင်း ကမ္ဘာကိုပြသနိုင်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ငြိမ်းချမ်းခြင်းသင်္ကေတဖြစ်သည့် ချိုးဖြူများကို လွှတ်ပေးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ကျင်းပသည့် ထိုအခမ်းအနားတွင် အလှပြယာဉ်များ၊ စစ်ရေးပြပွဲများ၊ ဆင်ဖြူတော်များ ထည့်သွင်းပြသခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာဉ်တန်းရှေ့တွင် မြင်းတပ်ကဦးဆောင်ကာ ထွက်ရှိလာခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Mizzima

Leave a Reply

Your email address will not be published.