မင်းသမီး ရေထဲပြုတ်ကျစဉ်ကတည်းက မည်သူကမှပိုက်ဆံပေးခိုင်းစေခြင်းမရှိဘဲ သူရဲ့နွမ်းပါးတဲ့လှေလေးနဲ့ နေ့ရောညပါ ကူညီရှာဖွေပေးခဲ့တဲ့ အဖိုးအို

News

မင်းသမီး ရေထဲပြုတ်ကျစဥ်ကတည်းက မည်သူကမှပိုက်ဆံပေးခိုင်းစေခြင်းမရှိဘဲ သူရဲ့နွမ်းပါးတဲ့လှေလေးနဲ့ နေ့ရောညပါ ကူညီရှာဖွေပေးခဲ့တဲ့ အဖိုးအို

ထိုင်းနိုင်ငံရဲ့ မင်းသမီး Tangmo ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညမှာ ရေထဲပြုတ်ကျသွားပြီး ၂၆ ရက်နေ့ညမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီး Tangmo ရေထဲပြုတ်ကျသွားသွားချင်းမှာ ကယ်ဆယ်ရေး အဖွဲ့ဝင်များနဲ့ လူအများက စိတ်ပူစွာနဲ့ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ လှေသမားအဘိုးအိုလည်း အပါအဝင်ပဲဖြစ်ပါတယ်။

အဘိုးအိုဟာ မြေးအရွယ်ကောင်မလေး အသက်ငယ်ငယ်နဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်ကြီး ကြုံတွေ့ခဲ့ရတာကြောင့် သနားတဲ့စိတ်ကလေးနဲ့ နေ့ရောညပါ ရှာဖွေရေးလုပ်ငန်းမှာ ပါဝင်ခဲ့ပါတယ်။

အဘိုးအိုကို ဘယ်သူကမှ ရှာဖွေရေးအတွက်ပိုက်ဆံ မပေးသလို ရှာဖွေရေး လုပ်ပေးပါလို့လည်း တောင်းဆိုခဲ့ကြတာမဟုတ်ပါဘူး။

လှေသမား အဘိုးအိုက ကိုယ်ပိုင်အသိစိတ်လေးနဲ့ ရှာဖွေရေး အလုပ်မှာ ကူညီပါဝင်ခဲ့တာဖြစ်ပါတယ်။လှေသမား အဘိုးအိုဟာ ကျောက်ဖရားမြစ်ဆိပ် ဇရပ်မှာနေပြီး လှေဆွဲနေသူ တစ်ဦးဖြစ်ပါတယ်။

Tangmo ပျောက်ဆုံးသွားစဉ်ကတည်းက နေ့ရောညပါ သူ့ရဲ့ နွမ်းပါးလှတဲ့ စက်လှေကလေးနဲ့ ရှာဖွေပေးနေတဲ့ အဘိုးရဲ့ ပုံရိပ်ကို လူတစ်ယောက်က မှတ်တမ်းတင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ပေးရာမှ အဘိုးက နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

နွမ်းပါးပေမယ့် စိတ်ရင်းစေတနာကောင်းတဲ့ အဘိုးအိုကို ထိုင်းပြည်သူတွေက အလှူငွေတွေ လှူဒါန်းပေးခဲ့ကြတာကြောင့် တစ်ရက်အတွင်း ဘတ် ၃ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

လှေသမားအဘိုးအိုကတော့ သူက မင်းသမီး Tangmo ကို အသက်ရှင်လျက်မရှာနိုင်ခဲ့တာကြောင့် ပြည်သူတွေ ချီးကျူးနေကြသလို

တော်တဲ့သူမဟုတ်ကြောင်း အသက်ရှင်လျက်ရှာနိုင်ခဲ့မှသာ တော်တဲ့သူလို့ ဆိုနိုင်မှာ ဖြစ်တဲ့အကြောင်း ရရှိခဲ့တဲ့ အလှူငွေတွေကိုလည်း ပြန်လည် လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

လှေသမား အဘိုးအိုဟာ မိမိကိုယ်ကိုယ်နှိမ့်ချတတ်ပြီး နာမည်ကောင်းယူကာ ဂုဏ်ယူဝင့်ကြွားတတ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်လည်း ထိုင်းပြည်သူတွေက စေတနာကောင်းတဲ့ အဘိုးအိုကို ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published.