မွေးနေ့မှာ စိတ်ရောလူရော ကျန်းမာစွာနဲ့ အရမ်းကိုပျော်ရွှင်နေတဲ့ ပိုင်တံခွန် ရဲ့ မိခင်ကြီး

News

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဆိုရင်တော့ မသိသူမရှိလောက်‌အောင်လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာသာမကဘဲ ထိုင်းနိုင်ငံ မှာ ပါရေပန်းစားတဲ့ မင်းသား တစ်လက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန် ဟာ မိဘကိုသိတတ်လိမ္မာတဲ့ သားလိမ္မာတစ်‌ဦးလဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ဟာ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ပုဒ်မ-၅၀၅ (က) ဖြင့် အင်းစိန်ထောင်မှာ ၃နှစ်တာအကျဥ်းကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

ဒီကနေ့ကတော့ ပိုင်တံခွန် ရဲ့မိခင်ကြီး မွေးနေ့ပဲ ဖြစ်ပါတယ်။ မိခင်ရဲ့ မွေးနေ့ကို အစ်မဖြစ်သူ မေချစ်သွေး ကတော့” Happy Birthday Mom သက်ရှည်ကျန်းမာစွာဖြင့် သားသမီးမြေးမြစ်များနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..

အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ပြီး စစ်မှန်သော စိတ်အေးချမ်းသာခြင်းကို ရှာဖွေတွေ့ရှိပါစေဗျားးးI LOVE YOU So Much MOM” လို့ ဆုတောင်းပေးထားပါတယ်။

ပရိသတ်ကြီးရေ ပိုင်တံခွန် ရဲ့ မိခင်ကြီးအတွက်တော့ မွေးနေ့မှာ သားဖြစ်သူပြန်လည်လွတ်မြောက်လာတာဟာ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခုဖြစ်မှာ အသေအချာပါပဲနော်။

ZAWGYI VERSION







Crd

Leave a Reply

Your email address will not be published.