ထောင်နံရံနောက် ကျန်နေသေးသည့် အနုပညာရှင်များ
မတ်လ ၂ ရက်တွင် နာမည်ကြီးအနုပညာရှင်အချို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း




ပြစ်ဒဏ်ကျခံနေသည့် အနုပညာရှင်များကျန်ရှိနေသေးသည်။
မတရားပုဒ်မတပ်ဖမ်းဆီးကာ ပြစ်ဒဏ်ကျခံနေရသည့် လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းက
ဖမ်းဆီးခဲ့သည့် ဒါရိုက်တာ ဝိုင်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းခွင့်ပေးကာပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖမ်းဆီးခဲ့သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊
ရက်ဂေးအဆိုတော် စောဖိုးခွားတို့ လွတ်မြောက်လာခြင်းမရှိသေးသလို သရုပ်ဆောင်ရဲတိုက်၊ ဟာသသရုပ်ဆောင် ဆင်မ၊




အဆိုတော် အီတိုး ၊ အဆိုတော်ပိုပို တို့ ကျန်ရှိနေသေးသည်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် ရက်ဂေးအဆိုတော်စောဖိုးခွားတို့ကို မည်သည့်အတွက် ဖမ်းဆီးကြောင်းမသိရဘဲ ဖမ်းဆီးထားသည့်
အချိန်မှ လက်ရှိအချိန်အထိ၎င်းတို့နှင့်ပတ်သက်ပြီး သတင်းကြားရခြင်းမရှိပေ။
စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်သည်ဟုဆိုကာ မတရားပုဒ်မတပ်ဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင်ရဲတိုက်နှင့်
ပိုပိုကို ပုဒ်မ ၅၀၅ ကဖြင့်မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်သုံးနှစ်ချမှတ်ထားပြီး ယနေ့လွတ်ငြိမ်းထဲတွင်ပါဝင်လာခဲ့ခြင်းမရှိပါ။




ရဲတိုက်သည် ၎င်းကိုဖမ်းဆီးစဉ်က မူးယစ်ဆေးဝါးများတွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည်။
ထို့အတူ ဟာသသရုပ်ဆောင် ဆင်မကိုလည်း ပြီးခဲ့သည့်နှစ်ဩဂုတ်လအတွင်းက ဖမ်းဆီးထားသော်လည်း လွတ်မြောက်စာရင်း၌ ပါဝင်လာခဲ့ခြင်းမရှိပေ။
အဆိုတော်အီတိုးသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လွတ်ငြိမ်းခွင့်ရခဲ့ပြီး နာရီပိုင်းအတွင်း
ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ယနေ့လွှတ်ပေးသည့်လွတ်ငြိမ်းစာရင်း၌ မပါဝင်လာခဲ့ပေ။
ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များအတွက် ဝမ်းသာရသလို ကျန်ရှိနေသေးသည့်သူများကိုလည်း လွှတ်ပေးရန်




အနုပညာလောကသားများက တောင်းဆိုထားသည်။
#လူထုနွေဦး
Zawgyi
ေထာင္နံရံေနာက္ က်န္ေနေသးသည့္ အႏုပညာရွင္မ်ား
မတ္လ ၂ ရက္တြင္ နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကို စစ္ေကာင္စီက လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လႊတ္ေပးခဲ့ေသာ္လည္း




ျပစ္ဒဏ္က်ခံေနသည့္ အႏုပညာရွင္မ်ားက်န္ရွိေနေသးသည္။
မတရားပုဒ္မတပ္ဖမ္းဆီးကာ ျပစ္ဒဏ္က်ခံေနရသည့္ လူမင္း၊ ေျပတီဦး၊ ပိုင္တံခြန္၊ အိျႏၵာေက်ာ္ဇင္ႏွင့္ ေဖေဖာ္ဝါရီလဆန္းပိုင္းက
ဖမ္းဆီးခဲ့သည့္ ဒါ႐ိုက္တာ ဝိုင္းကို အၾကမ္းဖက္စစ္ေကာင္စီက ယေန႔ လြတ္ၿငိမ္းခြင့္ေပးကာျပန္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း အာဏာသိမ္းသည့္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္မွစတင္ဖမ္းဆီးခဲ့သည့္ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီး၊
ရက္ေဂးအဆိုေတာ္ ေစာဖိုးခြားတို႔ လြတ္ေျမာက္လာျခင္းမရွိေသးသလို သ႐ုပ္ေဆာင္ရဲတိုက္၊ ဟာသသ႐ုပ္ေဆာင္ ဆင္မ၊
အဆိုေတာ္ အီတိုး ၊ အဆိုေတာ္ပိုပို တို႔ က်န္ရွိေနေသးသည္။




ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီးႏွင့္ ရက္ေဂးအဆိုေတာ္ေစာဖိုးခြားတို႔ကို မည္သည့္အတြက္ ဖမ္းဆီးေၾကာင္းမသိရဘဲ ဖမ္းဆီးထားသည့္
အခ်ိန္မွ လက္ရွိအခ်ိန္အထိ၎တို႔ႏွင့္ပတ္သက္ၿပီး သတင္းၾကားရျခင္းမရွိေပ။
စစ္ေကာင္စီဆန႔္က်င္ေရးဆႏၵျပပြဲမ်ားတြင္ပါဝင္သည္ဟုဆိုကာ မတရားပုဒ္မတပ္ဖမ္းဆီးခံခဲ့ရသည့္ သ႐ုပ္ေဆာင္ရဲတိုက္ႏွင့္
ပိုပိုကို ပုဒ္မ ၅၀၅ ကျဖင့္မတရားပုဒ္မတပ္ကာ ျပစ္ဒဏ္သုံးႏွစ္ခ်မွတ္ထားၿပီး ယေန႔လြတ္ၿငိမ္းထဲတြင္ပါဝင္လာခဲ့ျခင္းမရွိပါ။
ရဲတိုက္သည္ ၎ကိုဖမ္းဆီးစဥ္က မူးယစ္ေဆးဝါးမ်ားေတြ႕ရွိသည္ဟုဆိုကာ မူးယစ္ေဆးဝါးပုဒ္မျဖင့္ အမႈရင္ဆိုင္ေနရသည္။
ထို႔အတူ ဟာသသ႐ုပ္ေဆာင္ ဆင္မကိုလည္း ၿပီးခဲ့သည့္ႏွစ္ဩဂုတ္လအတြင္းက ဖမ္းဆီးထားေသာ္လည္း လြတ္ေျမာက္စာရင္း၌ ပါဝင္လာခဲ့ျခင္းမရွိေပ။




အဆိုေတာ္အီတိုးသည္လည္း ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းက လြတ္ၿငိမ္းခြင့္ရခဲ့ၿပီး နာရီပိုင္းအတြင္း
ျပန္လည္ဖမ္းဆီးခံခဲ့ရကာ ယေန႔လႊတ္ေပးသည့္လြတ္ၿငိမ္းစာရင္း၌ မပါဝင္လာခဲ့ေပ။
ျပန္လည္လြတ္ေျမာက္လာသည့္ အႏုပညာရွင္မ်ားအတြက္ ဝမ္းသာရသလို က်န္ရွိေနေသးသည့္သူမ်ားကိုလည္း လႊတ္ေပးရန္
အႏုပညာေလာကသားမ်ားက ေတာင္းဆိုထားသည္။




#လူထုေႏြဦး