ဒါရိုက်တာ၊ သရုပ်ဆောင် ကိုပေါက်ကတော့ သူချစ်တဲ့မိသားစုကိုရော၊ သူမြတ်နိုးတဲ့ ရုပ်ရှင်အနုပညာအလုပ်တွေကိုရော စွန့်လွှတ်ပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်ဖို့ လွတ်မမြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ မတ်လ (၂) ရက်နေ့မှာတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေဟာ လွတ်မြောက်လာခဲ့တာကြောင့် ကိုပေါက်ဟာလည်း




ထပ်တူဝမ်းသာနေလျက်ရှိပြီး လွတ်မြောက်လာခဲ့တဲ့ အနုပညာရှင်တွေကိုလည်း သတိပေးစကားပြောလာခဲ့ပါတယ်။ကိုပေါက်က “ဝမ်းသာလွန်းတဲ့နေ့ နဲ့ နောက်ပိုင်းရာဇဝင် သူတို့တွေကိုလွတ်စေချင်ခဲ့တာကြာပြီ။ ဒီနေ့လွတ်လာပြီ ။ အမှန်တကယ်လွတ်လာပြီ။
ကြားလိုက်ရခြင်း ဝမ်းသာလို့မဆုံးဘူး။ ကျနော်ဘဝင်မကျတဲ့စာကြောင်း တကြောင်းနဲ့အတူ သူတို့က သူတို့ကို ပြည်သူနဲ့ရန်တိုက်ပေးတော့မယ်။ သူတို့အကြံတွေက တော်တော်ကို ယုတ်မာပက်ဆက်လွန်းအားကြီးတယ်။




နောက်ပိုင်းမှာ ကာယကံရှင်တွေလည်း သတိနဲ့နေထိုင် လုပ်ကိုင်ပါ။ ပြည်သူလည်း အသိနဲ့ရှင်သန် တွေးတောပါ။ အမှန်တရားတွေထွန်းကားဖို့ ကျနော်တို့ဆက်လျှောက်ကြရမယ်။ ဆက်လျှောက်ဖို့အတွက် ကျနော်တို့ကျန်းမာအောင်ကြိုးစားနေပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံ တော်လှန်ရေးရဲဘော်များအားလုံး အမြန်လွတ်မြောက်ကြပါစေ။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
ကိုပေါက်ပြောသလိုပဲ အမိန့်ချမှတ်ခံရပြီးသား အနုပညာရှင်တွေလွတ်မြောက်လာခဲ့ပေမယ့် ဒီကနေ့မှာ အဆိုတော် ပိုင်သက်ကျော်အပါအဝင် အခြားသော ပြည်သူအများအပြားဟာ စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာမို့ အားလုံး သတိနဲ့သွားလေနေထိုင်ကြပါနော်။Source: Aung Min Naing ‘s fb




Credit
Zawgyi
ဒါရိုက္တာ၊ သရုပ်ဆောင် ကိုပေါက္ကေတာ့ သူခ္စ္တဲ့မိသားစုကိုရော၊ သူ္မတ္နိုးတဲ့ ရုျပ်ရင်အနုပညာအလုပ်တြေကိုရော ်စန့္လွှတ်ပြီး စစ်အာဏာျရင္လူတစ္စုကို ဆန့္က်င္ဖို့ ြလေတ္မ္မာက္နယ်ေ္မကို ရောြက်ရိနေတာပဲ္ဖစ္ပါတယ်။ ဒီကေန့ မတ္လ (၂) ရက်နေ့ျမာတော့ နိုင်ငံရေးလှုျပ်ရားမှုကြောင့် ထောင္ဒဏ္ခ်ျမတ္ခံခဲ့ရတဲ့ အနုပညာျရင်တြေဟာ လြတ်ေ္မာက္လာခဲ့တာကြောင့် ကိုပေါက်ဟာလည်း




ထပ္တူဝမ်းသာနေလ်ြက်ရိပြီး လြတ်ေ္မာက္လာခဲ့တဲ့ အနုပညာျရင်တြေကိုလည်း သတိပေးစကားေ္ပာလာခဲ့ပါတယ်။ကိုပေါက္က “ဝမ်းသာလြန်းတဲ့နေ့ နဲ့ နောက္ပိုင်းရာဇဝင် သူတို့တြေကိုလြတ်စေခ်င္ခဲ့တာကြာပြီ။ ဒီနေ့လြတ္လာပြီ ။ အျမန္တကယ္လြတ္လာပြီ။ ကြားလိုက်ရ္ခင်း ဝမ်းသာလို့မဆုံးဘူး။ က်န္ဘောဝင္မက္တဲ့စာကြောင်း တေကြာင်းနဲ့အတူ သူတို့က သူတို့ကို ္ပည်သူနဲ့
ရန္တိုက်ပေးတော့မယ်။ သူတို့အကြံတြေက တော်တ္ကောို ယုတ္မာပက္ဆက္လြန်းအားကြီးတယ်။ နောက္ပိုင်းျမာ ကာယကံျရင်တြေလည်း သတိနဲ့နေထိုင် လုပ္ကိုင္ပါ။ ္ပည်သူလည်း အသိနဲ့ျရင်သန် တြေးတောပါ။ အျမန္တရားတြေထြန်းကားဖို့ က်န္တောို့ဆက်လျေျာက်ကြရမယ်။ ဆက်လျေျာက္ဖို့အတြက် က်န္တောို့က်န်းမာအောင်ကြိုးစားနေပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံ တ္လောျန်ရေးရဲဘ္မော်ားအားလုံး အ္မ်န္လတ်ေ္မာက်ကြပါစေ။” ဆိုပြီး ေ္ပာလာခဲ့တာပဲ္ဖစ္ပါတယ်။




ကိုပေါက်ေ္ပာသလိုပဲ အမိန့္ခ်ျမတ္ခံရပြီးသား အနုပညာျရင်တြေလြတ်ေ္မာက္လာခဲ့ပေမယ့် ဒီကေန့ျမာ အဆိုတော် ပိုင်သက်ကေ်ာ်အပါအဝင် အ္ခားသော ္ပည်သူအမ်ားအ္ပားဟာ စကစရဲ့ ဖမ်းဆီး္ခင်းခံခဲ့ရတာမို့ အားလုံး သတိနဲ့သြားေလေနထိုင်ကြပါနော်။Source: Aung Min Naing ‘s fb
Credit