ဆုတောင်းမေတ္တာ ပို့ပေးတဲ့သူတိုင်းကို ကျေးဇူးတင်စကားပြောလိုက်တဲ့ လူမင်း ရဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦး

News

ပရိသတ်ကြီးရေ ဖေဖော်ဝါရီလမှစပြီးတော့ အခုအချိန်ထိတိုင်အောင် ပြည်သူလူထုပါမကျန် အနုပညာရှင် တွေအားလုံးဟာ အတိုက်အခိုက် အန္တရာယ် တွေခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ကြုံတွေ့နေရပေမယ့်

ဒီမိုကရေစီရရှိရေးအတွက် နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရောရရာ နေရာကနေနိုင် သလောက် ပါဝင်နေကြဆဲပါအနုပညာရှင် များကလည်း ပြည်သူတွေနဲ့ အတူရပ် တည်ကာလမ်းမပေါ်ထွက် ကာလှုပ်ရှားမှု တွေပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုအားကြိုးမာန် တတ်ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာအန်ကယ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ လူမင်း လည်းပါဝင်ခဲ့ပါတယ်။

ခုဆိုရင် လူမင်း ဟာ CDM မှာပါဝင်ရန်ဝန်ထမ်းတွေ ကိုနှိုးဆော်ပေးခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ်။ အားလုံးက လူမင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြတာလည်း အမှန်ပါပဲ။

ဒီကနေ့မှာတော့ အားလုံးကချစ်ရတဲ့ အန်ကယ်လေး ခေါ် လူမင်း ပြန်လည်လွတ်မြောက်လာခဲ့ပါပြီနော်။ ဒီသတင်းနဲ့ပတ်သတ်ပြီး လူမင်း ရဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦး က ” ကိုလူမင်းနေအိမ်ကိုပြန်လည်ရောက်ရှိပါပြီ။

သတင်း​မေးဆုတောင်းမေတ္တာပို့ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်၊တစ်​ယောက်ချင်းစီကိုအ​ကြောင်းမပြန်နိုင်ခဲ့ရင်နားလည်ခွင့်လွတ်​ပေးပါ ” လို့ တရားဝင် လူမူ့စာမျက်နှာမှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ခင်ပွန်းဖြစ်သူ လူမင်း အတွက် ဆုတောင်းပေးတဲ့ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံးကို ကျေးဇူးတင်စကားပြောထားတဲ့ သတင်းလေးကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော်။

ZAWGYI VERSION








Crd

Leave a Reply

Your email address will not be published.