ရဲတွေရဲ့၏ လုံခြုံရေးကို ပြည်သူက တာဝန်ယူပေးမှသာ တရားခံ လာဖမ်းပေးမည်ဟုဆို
12 Nov 2022 By MPA 001
ရဲတပ်ဖွဲ့ဝင်တို့၏ လုံခြုံရေးကို ပြည်သူများကတာဝန်ယူပေးမှသာ တရားခံများအား လာရောက်ဖမ်းဆီးပေးမည်ဟု ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
စမ်းချောင်းမြို့နယ်အတွင်း ဖုန်းလုယက်ထွက်ပြေးသူတစ်ဦးကို ဒေသခံများက ဖမ်းမိပြီးနောက် ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားခဲ့ရာ ရဲစခန်းတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း ပြန်ပြောကာ ဖုန်းလုပြေးသူအား လာရောက်လွှဲပြောင်းယူခြင်းမရှိကြောင်း စမ်းချောင်းမြို့နယ်နေပြည်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က စမ်းချောင်းမြို့နယ်၊ ဇေယျာသုခလမ်းအနီး လမ်းသွားရင်း ဖုန်းပြောနေသည့် အမျိုးသမီးတစ်ဦးထံမှ ဖုန်းကို လူငယ်တစ်ဦးက လုယူထွက်ပြေးသွားခဲ့သဖြင့် အနီးရှိ ပြည်သူများက လိုက်လံဖမ်းဆီးခဲ့ရာ ကျွန်းတောလမ်းဘက်ခြမ်းရှိ မကြီးကြီးလမ်း၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
“၂ ရက်နေ့က ဖုန်းလုပြေးတဲ့ကောင်ကို မိတော့ ရဲတိုင်တာ။ ရဲစခန်းကဘာပြောလဲဆိုတော့ ကျွန်တော်တို့လုံခြုံရေးကို ဘယ်လိုတာဝန်ယူမလဲတဲ့။တာဝန်ယူရင်လာခေါ်မယ်ပြောတယ်။ ခိုးတဲ့ကောင်က အခုမှစလုပ်တာလို့ပြောတယ်။ သနားတာနဲ့ မျက်နှာကို လေးငါးချက်လောက်ရိုက်ပြီး ငါးထောင်ပေးလိုက်တယ်။ အဲ့ဒီကောင်လေးက ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာနေတာလို့ပြောတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း သူခိုးမိပါက တိုင်ကြားချက်ကိုသာလက်ခံပြီး လာရောက်ဖမ်းဆီးစစ်ဆေးခြင်းမပြုကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စမ်းချောင်းမြို့မရဲစခန်းရှိ အမည်မဖော်လိုသူ ရဲတစ်ဦးက “ကျွန်တော်တို့ အမြဲဒီလိုမလုပ်ပါဘူး။ အင်အားရှိတဲ့အချိန်ဆို လာဖမ်းပေးပါတယ်။ ဖြေလိုက်တဲ့သူကလည်း အင်အားမရှိတဲ့အချိန်မို့နေမှာပါ။ အခုက ပြည်သူတွေကလည်း ကျွန်တော်တို့ကိုဆို စကားကောင်းကောင်းမပြောကြဘူးလေ။ ခဏခဏရဲတွေပစ်ခံနေရတော့ အရင်လို လာဖမ်းဖို့က ခက်သွားပြီ”ဟု MPA သို့ ပြောသည်။
ရန်ကုန်မြို့ရှိရဲစခန်းတိုင်းတွင် လုံခြုံရေးတင်းကျပ်ထားပြီး ပြည်သူများအား ရဲစခန်းထဲသို့ ဝင်ရောက်ခွင့်မပြုပေ။တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်နေအမျိုးသမီးတစ်ဦးက “ကျွန်မ ရဲထောက်ခံစာလိုလို့ သွားတာ ရဲစခန်း ရောက်တော့ အဝင်ဝဂိတ်မှာပဲ ဂိတ်စောင့်ရဲနဲ့ပြောစရာရှိတာပြောပြီး ထိုင်စောင့်ရတယ်။ စခန်းထဲဝင် လို့မရတော့ဘူး”ဟု ဆိုသည်။
ပုံစာ – စမ်းချောင်းမြို့မရဲစခန်းရှေ့တွင် လူငယ်တစ်ဦး ဆန္ဒပြနေစဉ် (ပုံအဟောင်း)
ရဲတို့၏ လုံခြုံရေးကို ပြည်သူက တာဝန်ယူပေးမှသာ တရားခံ လာဖမ်းပေးမည်ဟုဆို