ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ခရီးသည်တင်ယာဉ်အစီးရေ၅၀၀ကျော် အရေး…see nore




ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ခရီးသည်တင်ယာဉ်အစီးရေ၅၀၀ကျော် အရေး…
သတ်မှတ်ထားသည့် ယာဉ်စီးခထက်ပိုမိုးကောက်ခံသည့် YBS ခရီးသည်တင်ယာဉ်အစီးရေ၅၂၄စီးကို အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ (YRTC) က ပြောသည်။




YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်အချို့ ယာဉ်စီးခတိုးမြှင့်ကောက်ခံနေကြောင်း တိုင်ကြားမှုများနှင့်အတူ စိစစ်မှုများကြောင့် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကာ အရေးယူမှုများနှင့် တိုင်ကြားမှုများအား ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလကစပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အရေးယူမှုအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီ ၂၆ရက်အထိ YBS ခရီးသည်တင်ယာဉ်အစီးရေ ၅၂၄ စီးကို ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ (YRTC) က ပြောသည်။




အခုလတ္တေလာ ခရီးသွားပြည်သူတွေပြောနေကြတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ပုံသေယာဉ်စီးခ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ် မရွိပါဘူး။ တရားဝင်ခွင့်ပြုထားတာလည်း မရှိပါဘူး။
အရင် ကတည်းက ငါးရာ၊ တစ်ထောင် ကောက်တဲ့ယာဉ်တွေကို အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်။ CNG သုံးလပိတ်တာတို့၊ ခြောက်လ ပိတ်တာတို့၊ တစ်နှစ်ပိတ်တာတို့၊




လုပ်ငန်းလိုင်စင်တစ်နှစ် ပိတ္တာ တို့ အရေးယူဆောင် ရွက်တာတွေ ရှိပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မွ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
Ref Popular New