မင္းေအာင္လႈိင္က ကိုယ့္လက္ေအာက္ငယ္သားကိုေတာင္ ေစတနာမရွိတာ တိုင္းျပည္အေပၚ ဘာေစတနာမွမရွိႏိုင္ဘူး




28 Feb 2022 By MPA
CDM ဗိုလ္ႀကီးေနမ်ိဳးဝင္းႏွင့္ေတြ႕ဆုံေမးျမန္းမႈ
MPA-ဘယ္အခ်ိန္ကတည္းက CDM စလုပ္ျဖစ္တာလဲ။ ရည္႐ြယ္ခ်က္နဲ႔လက္ရွိအေျခအေနေလးေျပာျပေပးပါ။
CDMဗိုလ္ႀကီး- စစ္အာဏာသိမ္းၿပီးတစ္လအေက်ာ္ မတ္လ (၃၀) ရက္ေန႔ကတည္းက တပ္ထဲကေနထြက္လာခဲ့တာ။ စိတ္တူကိုယ္တူ (၄) ေယာက္ ထြက္လာၾကတာ။ ေနာက္တစ္ရက္ဆို လစာထုတ္လို႔ရၿပီ၊ ဒါေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ လစာမထုတ္ဘဲ (၃၀) ရက္ေန႔မွာ ထြက္ခဲ့တယ္။ ေ႐ြးေကာက္ပြဲမွာလဲ ကိုယ့္ရပ္တည္ခ်က္အတိုင္းမဲထည့္ခဲ့တာ တပ္အျပင္မွာ မဲေပးရေတာ့ပိုေတာင္ အဆင္ေျပခဲ့တာ။




MPA-စစ္ေကာင္စီရဲ႕အာဏာသိမ္းမႈကို ဘယ္လို ျမင္လဲ။ ဘယ္လို႔တုန႔္ျပန္ခဲ့သလဲ။
CDMဗိုလ္ႀကီး- အာဏာမသိမ္းခင္ ကာလကတည္းက အာဏာသိမ္းေတာ့မယ္ဆိုတာ သူတို႔ေတြရဲ႕လႈပ္ရွားမႈေတြေၾကာင့္ သိေနတယ္။ ကြၽန္ေတာ္က ဆရာဝန္ဆိုေပမယ့္ ေျခလ်င္ေျချမန္တပ္ေတြမွာ အေနမ်ားခဲ့တယ္၊ ထူးျခားမႈေတြကို သူတို႔ေတြဆီက သိရွိၿပီးေတာ့ စိတ္ထဲမွာ သိေနသလိုခံစားရတယ္။ ကိုယ္နဲ႔ရင္းႏွီးတဲ့ ျပင္ပမိတ္ေဆြေတြကိုလည္း သတိေပးပါတယ္။ ပါတ္ဝန္းက်င္ကစိတ္တူကိုတူရဲေဘာ္ေတြကိုေျပာျပေပမယ့္မယုံၾကဘူး။ ေနာက္ေတာ့တကယ္လုပ္သြားတာ။ လူထုရဲ႕မဲထည့္ထားတဲ့ဆႏၵကိုမေထာက္ဘူးမဲလိမ္တယ္ပါေျပာေတာ့ပိုဆိုးကုန္တာေပါ့။
MPA-မင္းေအာင္လႈိင္ကေရာဘယ္လိုလူစားမ်ိဳးလဲ။ ဘာအေျပာင္းအလဲကိုရည္႐ႊယ္ၿပီးလုပ္တာလဲ။
CDMဗိုလ္ႀကီး- တပ္ထဲမွာရွိတုန္းကတာဝန္က်တဲ့ေနရာကိုသူေရာက္လာတယ္။ အမွန္ကရန္ကုန္သြားမွာရာသီဥတုမေကာင္းလို႔က်ေတာ္တိုဆီကိုရဟတ္ယာဥ္ကဆင္းလိုက္ရတာ။ ဒါကိုမ်ားသူကေအာက္ေျခတပ္သားရဲေဘာ္ေတြနဲ႔ေတြခ်င္လို႔ဆိုၿပီးေတြ႕ဆုံပြဲလုပ္တယ္ေႏြရာသီႀကီး ျမဴေတြတအားဆိုင္းေနတာ။ အဲ့ဒီမွာသူကေျပာတယ္ ေရွ႕တန္းတာဝန္ေတြကိုတပ္မေတြထမ္းေဆာင္တဲ့အခါ တစ္ႏွစ္တက္တစ္ႏွစ္နားစနစ္နဲ႔ သူ႔လက္ထက္မွာလုပ္ေပးေနတယ္ေပါ့၊




အဲဒီမွာတပ္ၾကပ္ႀကီးတစ္ေယာက္ကက်ေတာ္တို႔ ေရွ႕တန္းထြက္ခဲ့တာသုံးႏွစ္ခြဲၾကာခဲ့တယ္လို႔ေျပာလိုက္တာ။ ေဟဟုတ္လားလို႔ဘဲျပန္ေျဖႏိုင္တယ္။တိတိက်က်ေျပာရရင္ ၃ႏွစ္ေလးလ၆ရက္ၾကာတယ္။ အဲ့အက်ိဳးဆက္က ေနာက္တစ္လအၾကာမွာ refit ဝင္ရတာပဲ ၿပီးတာနဲ႔မနားရပါဘူး ေရွ႕တန္းတန္းထြက္ရတာပဲ။ ၂၀၁၆ မွာ သူတို႔ဖန္တီးထားတဲ့ မုံးကိုးတိုက္ပြဲေပါ့။ တပ္အေပၚလည္းေစတနာမရွိ ေအာက္ေျခလက္ေအာက္ငယ္သားေပၚေတာင္ဘာေစတနာမွမရွိတာတိုင္းျပည္နဲ႔ျပည္သူအေပၚဘာမွေကာင္းေအာင္ေစတနာထားလုပ္ေပးမွာမဟုတ္ဘူး။ သူမွမဟုတ္ပါဘူး သူ႔နားကသူေတြလည္း ဒီပုတ္ထဲက ဒီပဲေတြဘဲ။
MPA-တပ္ထဲမွာရွိစဥ္ကာလနဲ႔အ ခုCDM ကာလဘာေတြကြာျခားလဲ
CDMဗိုလ္ႀကီး-ဆရာဝန္ဆိုေပမယ့္တပ္ထဲမွာအၾကာႀကီးေနခဲ့ရတာကေျခလ်င္ေျချမန္မွာႀကီးပဲ၊ တာဝန္ေပးတဲ့အတိုင္း ေက်ပြန္ေအာင္ထမ္းေဆာင္ခဲ့တယ္။ ဒါေပမယ့္တပ္ေခါင္းေဆာင္ေတြကတပ္မေတာ္ေပၚရာႏိုင္ငံအေပၚမွာေကာင္းတာမရွိဘူး။ ေျပာရရင္အမ်ားႀကီးဘဲ။ အခုCDM လုပ္ၿပီးျပည္သူဘက္ကရပ္တည္ေတာ့ျပည္သူေကြၽးတာစားတယ္ျပည္သူကလည္းခ်စ္တယ္လုံၿခဳံတယ္လို႔လဲခံစားရတယ္။ အစပိုင္းတစ္လေလာက္ဘဲလုံၿခဳံတဲ့ေနရာမေရာက္လို႔ခက္ခဲတာ အခုတိုင္းရင္းသားနယ္ေျမမွာကိုယ္ကိုေလးစားခ်စ္ခင္တဲ့ျပည္သူေမတၱာအစစ္ကိုခံစားရတယ္။




MPA-ေတာ္လွန္ေရးအေျခအေနအေပၚေရာဘယ္လိုရွိေနတယ္ျမင္လဲ
CDMဗိုလ္ႀကီး-အမ်ားႀကီးေတာ့မသုံးသပ္တတ္ပါဘူး။ က်ေတာ္ကအဲဒီေလက္လဲအေရးပါအရာေရာက္တဲ့ထူးခြၽန္သူေတာ့မဟုတ္ဘူး။ ဒါေပမယ့္က်ေတာ္အစကတည္းကေျပာတယ္ထိပ္ပိုင္းေခါင္းေဆာင္ေတြေလာက္ေျပာင္းေပးလိုက္႐ုံနဲ႔မရဘူး။ အတြင္းမွာအျမစ္တြယ္ၿပီးခ်စားေနတာ။ တစ္ခုလုံးၿဖိဳခ်ၿပီးအသစ္ေဆာက္ရမွာ။ အာလိုေျပာေတာ့တခ်ိဳ႕ကမယုံၾကဘူး။ အခုေတာ့လက္ေတြ႕ျမင္ကုန္ၾကပိေလ။ ဒါေၾကာင့္လဲCDM အေစာႀကီးလုပ္ခဲ့တာ။
လက္ရွိမွာေတာ္လွန္ေရးကာလၾကာလာၿပီဆိုေတာ့ တစ္ခ်ိဳ႕လည္းအားမလိုအားမရျဖစ္ေနၾကတယ္။ ဒါေပမယ့္ေတာ္လွန္ေရးရဲ႕အရွိန္အဟုန္ဟာႀကီးမားက်ယ္ျပန႔္ေနတာေတာ့အေသအခ်ာဘဲ။ တပ္ထဲမွာလဲအရမ္းကိုဂယက္႐ိုက္ပါတယ္ အရင္လိုလတ္ယားလတ္ယားနဲ႔တပ္ျပင္ထြက္မရတာပဲၾကည့္ေလ။ ေအာင္ျမင္မႈအတိုင္းအတာကိုမၾကာဘူးျမင္ရမွာေတာ္လွန္ေရးပုံစံတိူးျမင့္ဖို႔လဲစီစဥ္ေနၾကတယ္တိုးလဲတိုးလာမွာ ေစာင့္ၾကည့္လိုက္။ ျပည္သူေတြအခက္အခဲရင္ဆိုင္ေနရတာသိပါတယ္။ ဒါေပမယ့္အားတင္းထားၾကပါပန္းတိုင္အထိအားမေလ်ာ့ပါနဲ႔လို႔ေျပာခ်င္ပါတယ္။




MPA-လူ႔အခြင့္အေရးအႀကီးအက်ယ္ခ်ိဳးေဖါက္ေနတဲ့တပ္မေတာ္ကိုဘာေျပာခ်င္သလဲ
CDMဗိုလ္ႀကီး-တိုင္းရင္းသားေဒသေတြမွာမီးရႈိ႕လူသတ္မုဒိန္းက်င့္လုပ္ေနတာကၾကာပါၿပီ တစ္ခ်ိဳ႕မသိၾကတာ။ အခုေတာ့ေတာင္တန္းေရာ ျပည္မေရာမက်န္က်ဴးလြန္ေနတာမ်က္ျမင္ပဲ။ မင္းသားမ်က္ႏွာဖုံးကြာက်တာကို ဉာဏ္ရည္ျမင့္မားတဲ့ ျပည္သူေတြျမင္ေတြ႕ခဲ့ၿပီ။ တပ္ထဲကလူေတြမသိဘူးဆိုတာမရွိဘူးအနည္းနဲ႔အမ်ားသိမွာပဲ၊ ရာထူးႀကီးရင္ပိုသိတာေပါ့။
ဒါကိုမိသားစုကိုငဲ့လို႔အက်ိဳးစီးပြါးကိုငဲ့လိုဆိုၿပီးဆက္လုပ္ေနရင္ေနာင္တစ္ခ်ိန္မွာျပည္သူရဲ႕ဒါဏ္ခတ္မႈကိုခံရလိမ့္မယ္။ ျပစ္ဒါဏ္ခတ္တယ္ဆိုတဲ့ေနရာမွာေထာင္ခ်တာႀကိဳးေပးတာမျဖစ္ခဲ့ရင္ေတာင္ ျပည္သူရဲ႕အမုန္း၊ျပည္သူရဲ႕ေျပာဆိုေရွာင္က်ဥ္မႈဒါဏ္ဟာမလြဲမေသြလာမွာဘဲ။ ကိုယ့္ဝန္းက်င္ႏြားေျခရာခြက္ထဲမွာက်ေတာ့ ျဖစ္ခ်င္မွျဖစ္မွာေပါ့။ အဲ့ဒီအခ်ိန္က်မွက်ေတာ္တို႔ ကခိုင္းလို႔လုပ္ရတာပါ။မိသားစုေၾကာင့္ပါလို႔ေျပာဖို႔အခ်ိန္မမွီေတာ့ဘူး။
ဘာမွမလုပ္ခဲ့ပါဘူးဆိုေပမယ့္ ကိုယ့္ရဲ႕တည္ရွိမႈအေပၚ ကိုယ္ယူထားတဲ့တာဝန္နဲ႔ရာထူးအေပၚ ကိုယ္တိုင္တာဝန္ခံရမွာပဲ။ ေတာ္လွန္ေရးၿပီးမွေနာင္တမရနဲ႔ ဒါေၾကာင့္ခုကတည္းကထြက္ခဲ့ၾကပါျပည္သူနဲ႔ရပ္တည္ၾကပါလို႔တပ္မေတာ္ထဲမွာက်န္ေနခဲ့သူေတြအားလုံးကိုေျပာခ်င္ပါတယ္အခ်ိန္မေႏွာင္းေသးပါဘူး။ ေက်းဇူးတင္ပါတယ္။
မင်းအောင်လှိုင်က ကိုယ့်လက်အောက်ငယ်သားကိုတောင် စေတနာမရှိတာ တိုင်းပြည်အပေါ် ဘာစေတနာမှမရှိနိုင်ဘူး
28 Feb 2022 By MPA
CDM ဗိုလ်ကြီးနေမျိုးဝင်းနှင့်တွေ့ဆုံမေးမြန်းမှု
MPA-ဘယ်အချိန်ကတည်းက CDM စလုပ်ဖြစ်တာလဲ။ ရည်ရွယ်ချက်နဲ့လက်ရှိအခြေအနေလေးပြောပြပေးပါ။
CDMဗိုလ်ကြီး- စစ်အာဏာသိမ်းပြီးတစ်လအကျော် မတ်လ (၃၀) ရက်နေ့ကတည်းက တပ်ထဲကနေထွက်လာခဲ့တာ။ စိတ်တူကိုယ်တူ (၄) ယောက် ထွက်လာကြတာ။ နောက်တစ်ရက်ဆို လစာထုတ်လို့ရပြီ၊ ဒါပေမယ့် အကြောင်းကြောင်းကြောင့် လစာမထုတ်ဘဲ (၃၀) ရက်နေ့မှာ ထွက်ခဲ့တယ်။ ရွေးကောက်ပွဲမှာလဲ ကိုယ့်ရပ်တည်ချက်အတိုင်းမဲထည့်ခဲ့တာ တပ်အပြင်မှာ မဲပေးရတော့ပိုတောင် အဆင်ပြေခဲ့တာ။




MPA-စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ဘယ်လို မြင်လဲ။ ဘယ်လို့တုန့်ပြန်ခဲ့သလဲ။
CDMဗိုလ်ကြီး- အာဏာမသိမ်းခင် ကာလကတည်းက အာဏာသိမ်းတော့မယ်ဆိုတာ သူတို့တွေရဲ့လှုပ်ရှားမှုတွေကြောင့် သိနေတယ်။ ကျွန်တော်က ဆရာဝန်ဆိုပေမယ့် ခြေလျင်ခြေမြန်တပ်တွေမှာ အနေများခဲ့တယ်၊ ထူးခြားမှုတွေကို သူတို့တွေဆီက သိရှိပြီးတော့ စိတ်ထဲမှာ သိနေသလိုခံစားရတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့ ပြင်ပမိတ်ဆွေတွေကိုလည်း သတိပေးပါတယ်။ ပါတ်ဝန်းကျင်ကစိတ်တူကိုတူရဲဘော်တွေကိုပြောပြပေမယ့်မယုံကြဘူး။ နောက်တော့တကယ်လုပ်သွားတာ။ လူထုရဲ့မဲထည့်ထားတဲ့ဆန္ဒကိုမထောက်ဘူးမဲလိမ်တယ်ပါပြောတော့ပိုဆိုးကုန်တာပေါ့။
MPA-မင်းအောင်လှိုင်ကရောဘယ်လိုလူစားမျိုးလဲ။ ဘာအပြောင်းအလဲကိုရည်ရွှယ်ပြီးလုပ်တာလဲ။
CDMဗိုလ်ကြီး- တပ်ထဲမှာရှိတုန်းကတာဝန်ကျတဲ့နေရာကိုသူရောက်လာတယ်။ အမှန်ကရန်ကုန်သွားမှာရာသီဥတုမကောင်းလို့ကျတော်တိုဆီကိုရဟတ်ယာဉ်ကဆင်းလိုက်ရတာ။ ဒါကိုများသူကအောက်ခြေတပ်သားရဲဘော်တွေနဲ့တွေချင်လို့ဆိုပြီးတွေ့ဆုံပွဲလုပ်တယ်နွေရာသီကြီး မြူတွေတအားဆိုင်းနေတာ။
အဲ့ဒီမှာသူကပြောတယ် ရှေ့တန်းတာဝန်တွေကိုတပ်မတွေထမ်းဆောင်တဲ့အခါ တစ်နှစ်တက်တစ်နှစ်နားစနစ်နဲ့ သူ့လက်ထက်မှာလုပ်ပေးနေတယ်ပေါ့၊ အဲဒီမှာတပ်ကြပ်ကြီးတစ်ယောက်ကကျတော်တို့ ရှေ့တန်းထွက်ခဲ့တာသုံးနှစ်ခွဲကြာခဲ့တယ်လို့ပြောလိုက်တာ။ ဟေဟုတ်လားလို့ဘဲပြန်ဖြေနိုင်တယ်။
တိတိကျကျပြောရရင် ၃နှစ်လေးလ၆ရက်ကြာတယ်။ အဲ့အကျိုးဆက်က နောက်တစ်လအကြာမှာ refit ဝင်ရတာပဲ ပြီးတာနဲ့မနားရပါဘူး ရှေ့တန်းတန်းထွက်ရတာပဲ။ ၂၀၁၆ မှာ သူတို့ဖန်တီးထားတဲ့ မုံးကိုးတိုက်ပွဲပေါ့။ တပ်အပေါ်လည်းစေတနာမရှိ အောက်ခြေလက်အောက်ငယ်သားပေါ်တောင်ဘာစေတနာမှမရှိတာတိုင်းပြည်နဲ့ပြည်သူအပေါ်ဘာမှကောင်းအောင်စေတနာထားလုပ်ပေးမှာမဟုတ်ဘူး။ သူမှမဟုတ်ပါဘူး သူ့နားကသူတွေလည်း ဒီပုတ်ထဲက ဒီပဲတွေဘဲ။
MPA-တပ်ထဲမှာရှိစဉ်ကာလနဲ့အ ခုCDM ကာလဘာတွေကွာခြားလဲ
CDMဗိုလ်ကြီး-ဆရာဝန်ဆိုပေမယ့်တပ်ထဲမှာအကြာကြီးနေခဲ့ရတာကခြေလျင်ခြေမြန်မှာကြီးပဲ၊ တာဝန်ပေးတဲ့အတိုင်း ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်။ ဒါပေမယ့်တပ်ခေါင်းဆောင်တွေကတပ်မတော်ပေါ်ရာနိုင်ငံအပေါ်မှာကောင်းတာမရှိဘူး။ ပြောရရင်အများကြီးဘဲ။ အခုCDM လုပ်ပြီးပြည်သူဘက်ကရပ်တည်တော့ပြည်သူကျွေးတာစားတယ်ပြည်သူကလည်းချစ်တယ်လုံခြုံတယ်လို့လဲခံစားရတယ်။ အစပိုင်းတစ်လလောက်ဘဲလုံခြုံတဲ့နေရာမရောက်လို့ခက်ခဲတာ အခုတိုင်းရင်းသားနယ်မြေမှာကိုယ်ကိုလေးစားချစ်ခင်တဲ့ပြည်သူမေတ္တာအစစ်ကိုခံစားရတယ်။
MPA-တော်လှန်ရေးအခြေအနေအပေါ်ရောဘယ်လိုရှိနေတယ်မြင်လဲ
CDMဗိုလ်ကြီး-အများကြီးတော့မသုံးသပ်တတ်ပါဘူး။ ကျတော်ကအဲဒီလေက်လဲအရေးပါအရာရောက်တဲ့ထူးချွန်သူတော့မဟုတ်ဘူး။ ဒါပေမယ့်ကျတော်အစကတည်းကပြောတယ်ထိပ်ပိုင်းခေါင်းဆောင်တွေလောက်ပြောင်းပေးလိုက်ရုံနဲ့မရဘူး။ အတွင်းမှာအမြစ်တွယ်ပြီးချစားနေတာ။ တစ်ခုလုံးဖြိုချပြီးအသစ်ဆောက်ရမှာ။ အာလိုပြောတော့တချို့ကမယုံကြဘူး။ အခုတော့လက်တွေ့မြင်ကုန်ကြပိလေ။ ဒါကြောင့်လဲCDM အစောကြီးလုပ်ခဲ့တာ။ လက်ရှိမှာတော်လှန်ရေးကာလကြာလာပြီဆိုတော့ တစ်ချို့လည်းအားမလိုအားမရဖြစ်နေကြတယ်။ ဒါပေမယ့်တော်လှန်ရေးရဲ့အရှိန်အဟုန်ဟာကြီးမားကျယ်ပြန့်နေတာတော့အသေအချာဘဲ။ တပ်ထဲမှာလဲအရမ်းကိုဂယက်ရိုက်ပါတယ် အရင်လိုလတ်ယားလတ်ယားနဲ့တပ်ပြင်ထွက်မရတာပဲကြည့်လေ။ အောင်မြင်မှုအတိုင်းအတာကိုမကြာဘူးမြင်ရမှာတော်လှန်ရေးပုံစံတိူးမြင့်ဖို့လဲစီစဉ်နေကြတယ်တိုးလဲတိုးလာမှာ စောင့်ကြည့်လိုက်။ ပြည်သူတွေအခက်အခဲရင်ဆိုင်နေရတာသိပါတယ်။ ဒါပေမယ့်အားတင်းထားကြပါပန်းတိုင်အထိအားမလျော့ပါနဲ့လို့ပြောချင်ပါတယ်။




MPA-လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖေါက်နေတဲ့တပ်မတော်ကိုဘာပြောချင်သလဲ
CDMဗိုလ်ကြီး-တိုင်းရင်းသားဒေသတွေမှာမီးရှို့လူသတ်မုဒိန်းကျင့်လုပ်နေတာကကြာပါပြီ တစ်ချို့မသိကြတာ။ အခုတော့တောင်တန်းရော ပြည်မရောမကျန်ကျူးလွန်နေတာမျက်မြင်ပဲ။ မင်းသားမျက်နှာဖုံးကွာကျတာကို ဉာဏ်ရည်မြင့်မားတဲ့ ပြည်သူတွေမြင်တွေ့ခဲ့ပြီ။ တပ်ထဲကလူတွေမသိဘူးဆိုတာမရှိဘူးအနည်းနဲ့အများသိမှာပဲ၊ ရာထူးကြီးရင်ပိုသိတာပေါ့။
ဒါကိုမိသားစုကိုငဲ့လို့အကျိုးစီးပွါးကိုငဲ့လိုဆိုပြီးဆက်လုပ်နေရင်နောင်တစ်ချိန်မှာပြည်သူရဲ့ဒါဏ်ခတ်မှုကိုခံရလိမ့်မယ်။ ပြစ်ဒါဏ်ခတ်တယ်ဆိုတဲ့နေရာမှာထောင်ချတာကြိုးပေးတာမဖြစ်ခဲ့ရင်တောင် ပြည်သူရဲ့အမုန်း၊ပြည်သူရဲ့ပြောဆိုရှောင်ကျဉ်မှုဒါဏ်ဟာမလွဲမသွေလာမှာဘဲ။ ကိုယ့်ဝန်းကျင်နွားခြေရာခွက်ထဲမှာကျတော့ ဖြစ်ချင်မှဖြစ်မှာပေါ့။ အဲ့ဒီအချိန်ကျမှကျတော်တို့ ကခိုင်းလို့လုပ်ရတာပါ။မိသားစုကြောင့်ပါလို့ပြောဖို့အချိန်မမှီတော့ဘူး။
ဘာမှမလုပ်ခဲ့ပါဘူးဆိုပေမယ့် ကိုယ့်ရဲ့တည်ရှိမှုအပေါ် ကိုယ်ယူထားတဲ့တာဝန်နဲ့ရာထူးအပေါ် ကိုယ်တိုင်တာဝန်ခံရမှာပဲ။ တော်လှန်ရေးပြီးမှနောင်တမရနဲ့ ဒါကြောင့်ခုကတည်းကထွက်ခဲ့ကြပါပြည်သူနဲ့ရပ်တည်ကြပါလို့တပ်မတော်ထဲမှာကျန်နေခဲ့သူတွေအားလုံးကိုပြောချင်ပါတယ်အချိန်မနှောင်းသေးပါဘူး။ ကျေးဇူးတင်ပါတယ်။
Crd