ဝါရင့်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကျော်အက်ဆစ်အဖွဲ့ဝင်ပဲဖြစ်ပါတယ်။




သူဟာမြန်မာပြည်ကို စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ မိသားစုနဲ့အတူ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဆိုတော် ရန်ရန်ချမ်း ဟာ လက်ရှိမှာ ရန်ကုန်မြို့နဲ့ ဝေးကွာတဲ့နေရာမှာ မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။




ဒါကြောင့် ရန်ကုန်မြို့ကြီးကို လွမ်းနေတာကြောင့် ရန်ကုန်ရဲ့နေရာတစ်ချို့ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ” ကျွန်တော့်ကို သယ်ရင်းတို့ခုရောက်နေတဲ့ရန်ကုန်ရဲ့နေရာလေးတွေရိုက်ပြီးပို့ပေးကြပါလားအလွမ်းပြေကြည့်ချင်လို့ ပို့လို့ရမှပို့ကြပါ ” လို့ သူ့ရဲ့ လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်း ရဲ့ တောင်းဆိုချက်လေးကို ကူညီပေးလိုက်ကြပါအုန်းနော်။ အဝေးတစ်နေရာမှာ ရောက်ရှိနေပြီး အိမ်ကိုလွမ်းနေတဲ့ ရန်ရန်ချမ်း အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်း။




Crd