နှစ်စဥ်နှစ်တိုင်းလို မစည်းကားတဲ့ အာဇာနည်နေ့အခမ်းအနားကို လူမှုကွန်ယက်ကနေ အောက်မေ့ ဂါရဝပြုစကား ဆိုကြတဲ့ အနုပညာရှင်များ




နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ကို မြန်မာနိုင်ငံတဝှမ်း စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ် တတိယလှိုင်းကြောင့် အာဇာနည်နေ့ဟာ မြို့အသီးသီးမှာ လူသူမရှိဘဲ တိတ်ဆိတ် ခြောက်ကပ်လို့ နေပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် အာဇာနည်နေ့မှာ အနုပညာရှင်များက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာများကနေ အခုလိုပဲ အောက်မေ့ ဂါရဝပြုစကားများ ရေးသားထားကြပါတယ်။




မော်ဒယ် တင်မိုးလွင်
“ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို အလေးပြုပါတယ်။ ခေတ်အဆက်ဆက်မှ ယခုအချိန်ထိ ကျဆုံးခဲ့ရသော သူရဲကောင်းများအားလုံးကို အလေးပြုပါတယ်”
သရုပ်ဆောင် မင်းမော်ကွန်း
“သမိုင်းအဆက်ဆက် တော်လှန်ရေးတိုင်းမှာ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသော အာဇာနည်များအားလုံးကို ဦးညွတ် အလေးပြုပါသည်”




အဆိုတော် နီနီခင်ဇော်
“ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအားလုံးကို ဦးညွှတ် အလေးပြုပါတယ်”
သရုပ်ဆောင် အလင်းရောင်
“၁၉ ဇူလိုင် မမေ့နိုင်” ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားစွာ ဂါရဝပြုပါတယ်”




ကိုဟန်ဇော်လတ် (Gen-Z Burma)
“ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို အလေးပြုပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်းနှင့် ခေတ်အဆက်ဆက်မှ ယခုအချိန်ထိ ကျဆုံးခဲ့ရသော သူရဲကောင်းများအားလုံးကို အလေးပြုပါတယ်။ အာဇာနည်မျိုး သေရိုးမရှိ”
အဆိုတော် နိုဗန်ထူး
“အာဇာနည်မျိုး သေရိုးမရှိ၊ မည်သည့် မှန်ကန်တဲ့ တော်လှန်ရေးမဆို ပါဝင်ခဲ့ကြသော သူရဲကောင်း အာဇာနည် တဦးတယောက်စီတိုင်းကို ဦးညွတ် အလေးပြုပါသည်။ အရေးတော်ပုံ အောင်ရမည်”




Crd