ထိုင်းသရုပ်ဆောင်မင်းသမီး Tangmo ကို သေဆုံးလျှက် တွေ့ရှိ
R.I.P သူမအား သေဆုံးလျှက်ရေထဲတွင် ရှာဖွေတွေ့ရှိ




ဆန်ဟီး တံတားကနေ နွန်သဘူရီ ခရိုင်ကို သွားတဲ့လမ်းဖြစ်တဲ့ Nonthaburi ခရိုင်တွင် Rama 7 တံတားအောက်မှာ Tangmo Nida က ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
လှေပေါ်မှာလိုက်ပါခဲ့တဲ့ သူငယ်ချင်းပြောဆိုချက်အရTangmo Nida က လှေရဲ့ အနောက် အစွန်းဆုံးမှာ ဓာတ်ပုံရိုက်နေတုန်းမှာ မတော်တဆ လှေပေါ်က ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
လှေမောင်းတဲ့ သူကလည်း သူတို့ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပါတယ်။




WTangmo Nida ပြုတ်ကျသွားတဲ့ အချိန်မှာ ရေစီးကြမ်းပြီး လှိုင်းလဲ သိပ်မငြိမ်တာကြောင့် ရှာရခက်နေခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေအရ သူငယ်ချင်းတွေ အားလုံးက သောက်စားထားတာ ဖြစ်ပြီး ကံဆိုးချင်တော့ Tangmo Nida က အသက်ကယ် အင်္ကျီဝတ် မထားခဲ့ပါဘူး။
သူမနဲ့ အတူပါသွားတဲ့ သူငယ်ချင်းတွေက ကယ်ဆယ်ရေးသမားတွေကို အကြောင်းကြားပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။




အခုတော့ ထိုင်းသရုပ်ဆောင်မင်းသမီး Tangmo ကိုကျောက်ဖရားမြစ်ထဲပြုတ်ကျပြီး ၂ ရက်နေ့မြောက်တွင် သေဆုံးလျှက် ပြန်လည်ရှာတွေ့ သွားတာဖြစ်ပါတယ်။
RIP ပါ…မင်းသမီးရေ..ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ပါစေနဲ့…ကောင်းရာသုဂတိလားပါစေ..
Credit
zawgyi,












Credit