မြန်မာ့ရုပ်ရှင်လောကကို မင်းသား၊မင်းသမီး၊ဇာတ်ပို့၊ဇာတ်ရန်၊ဟာသသရုပ်ဆောင်၊လူကြမ်းသရုပ်ဆောင်၊ဒါရိုက်တာ၊ဇာတ်ညွှန်းရေးဆရာ အစရှိသဖြင့် နယ်ပယ်စုံ၊အလွှာစုံ




၊အနုပညာရှင်အသီးသီးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ မြန်မာ့ရုပ်ရှင်လောကမှာ ကွဲလွဲမူ့တွေများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ခဲ့တဲ့ အနုပညာရှင်များစွာ ရှိခဲ့ပါတယ်။ အဆိုပါ အနုပညာရှင်တွေထဲမှာမှ တစ်သက်လုံးစာ နှုတ်ထွက်ခဲ့တဲ့ အနုပညာရှင် နှစ်ဦးရှိပါတယ်။




သူတို့တွေကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော မင်းမော်ကွန်း နဲ့ နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်တဲ့ သည်ခေတ်နေ ပဲ ဖြစ်ပါတယ်။ ဒီလိုနှုတ်ထွက်ခဲ့တဲ့ အကြောင်းကို မင်းမော်ကွန်းကတော့ ” ”
ထွက်ထားတယ်ဗျာတစ်သက်လုံးစာအတွက် ခင်များတို့အစားရှက်လို့လေ ၂၀၂၁ ဖေဖော်ဝါရီတစ်လလုံး သပိတ်စခန်းဖြစ်ဲခ့တဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ အပြောင်းအလဲမြန်မှုတွေ ကိုရွံလို့ပါ ” လို့ ဒဲ့ပြောလိုက်ပါတယ်။




ဒါရိုက်တာ သည်ခေတ်နေ ကလဲ နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို ” ရွံလွန်းလို့…မင်းတို့လက်အောက်ဆို တစ်သက်စာပါ နှုတ်ထွက်ပေးခဲ့တယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ထားပေမယ့် ပရိသတ်တွေ ရင်ထဲမှာတော့ အမြဲတမ်း အနုပညာရှင်တွေအဖြစ် ချစ်ဆဲ၊နေရာယူထားဆဲပါပဲနော်။




Crd