Zawgyi
အဆိုR ဇာနည် ပရိတ်သတ်တွေကိုသတိပေးပြီ…
















credit
Unicode
အဆိုR ဇာနည် ပရိတ်သတ်တြေကိုသတိပေးပြီ…
ပရိသတ်ကြီးရေ… အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။




R ဇာနည် ဟာ MRTV-4 ကနေ စီစဉ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်း တို့နဲအတူပါဝင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ပြည့်သူ့အချစ်တော် အာဇာနည် ဟာ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။
အဆိုတော် R ဇာနည် ဟာကုန်တိုက်တစ်ခုနဲ့ ပတ်သတ်ပြီးတော့ ပြည်သူတွေကို သတိပေးစကားတစ်ချို့ ရေးသားခဲ့ပါတယ်။
အဆိုတော် R ဇာနည် ကတော့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။




ဒါကြောင့်လဲ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်ရင်း ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေတာပါ။
ဒီနေ့မှာလဲ ပြည်သူတွေကို ကုန်တိုက်တစ်ခုနဲ့ ပတ်သတ်ပြီး အရွန်းလေးဖာက်ကာ သတိပေးစကားပြောလိုက်ပါတယ်။
” နောက်နေ့နောက်နေ့တွေ အဲ့သွားတဲ့လူကတော့ ဒလံပဲ ဝယ်စရာနေရာတွေအများကြီးရှိတယ် ဟားဟား စတာပါ တကယ်ပြောတာပါ၊




နောက်နေ့တစ်ရက်ထဲထင်မှာဆိုးလို့ ” ဆိုပြီး သူ့ရဲ့လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က R ဇာနည် က သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ တောထဲမှာနေထိုင်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ရော့ခ်ဂီတအဆိုတော် ရေမွန်ရဲ့မွေးနေ့မှာ သတိရတယ်ဆိုတဲ့အကြောင်းကို ရေးသားထားတာကိုလဲတွေ့ရပါတယ်။
ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ရဲ့ သတိပေးစကားလေးနဲ့ ပတ်သတ်ပြီးထင်မြင်ယူဆချက်လေးတွေကို ကောမန့်မှာ ရေးသားပေးခဲ့ပါအုန်းနော်။




credit