ပုလဲနယ်က ပျူ​စောထီးဌာနချုပ် ဇီးဖြူကုန်းရွာ ကို ဗိုလ်နဂါးတို့ဝင်စီး

News

ပုလဲနယ် ပျူစောထီးဌာနချုပ် ဇီးဖြူကုန်းရွာကို ဗိုလ်နဂါးတပ်အပါအဝင် တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း (တစ်ညလုံးနီးပါး တိုက်ပွဲပြင်းထန်ပြီး ပျူစောထီးတို့ အကျအဆုံးများ)

ဇီးဖြူကုန်း၊ ဖေဖော်ဝါရီ ၂၂

News Ambassador
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးဌာနချုပ်ကဲ့သို့ အခြေချရာ ဇီးဖြူကုန်းရွာကို ဗိုလ်နဂါး၏တပ်အပါအဝင် ဒေသကာကွယ်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပါသည်။

တိုက်ပွဲသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်မှ ည ၁၂ နာရီခန့်အထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်အနည်းငယ်နှင့် ပျူစောထီးများ အကျအဆုံးများခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

” ရွာကိုဝင်စီးလိုက်နိုင်တယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတော့ကျန်လိမ့်မယ်။ အဲ့ဒီမှာက ပျူစောထီး ၆၀ ဆို စကစက ၂၅ လောက်ပဲရှိတယ်။ ခါတိုင်း ပုလဲမြို့ပေါ်မှာ ညသန်းခေါင်မရှောင် ဗိုလ်အောင်ဒင်သီချင်းကို ဆောင်းဘောက်နဲ့ဖွင့်ပြီး မြို့ပတ် မူးရူးသောက်စားနေတဲ့ ပျူစောထီးအဖွဲ့တွေလည်း ညက ဇီးဖြူကုန်းကို စစ်ကူသွားကြတယ်။ မြို့ပေါ်မှာ မသောင်းကျန်းနိုင်လိုက်ဘူး” ဟု ဒေသခံကပြောသည်။

ယင်းစီးနင်းမှုဖြစ်စဉ်တွင် အောင်ဆန်းတပ်ဖွဲ့က ပုံတောင်တိုက်ဂါးတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်မျက်နှာတစ်ဖက်၊ မဟာမိတ်တပ်ပေါင်းစုဖြစ်သော ပုလဲ ပ.က.ဖ တပ်များ၊ သံမဏိတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စစ်မျက်နာတစ်ဖက်ဖွင့်၍ အရပ်မျက်နာ နှစ်ဖက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ အခြားစစ်မျက်နာများတွင် ဗိုလ်နဂါးတပ်ဖွဲ့များက တာဝန်ယူစီးနင်းခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်လာသည်။

သို့သော် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့၏ ခံစစ်အထိုင်များကို မစီးနင်းနိုင်ခဲ့ကြောင်း၊ ပြင်းထန်သောထိုးနှက်တိုက်ခိုက်မှုများပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ကနဦးရရှိသော သတင်းအရ တိုက်ပွဲတွင် စကစနှင့်ပျူများ ထိခိုက်ကျဆုံးမှုများနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရကြောင်း သိရသည်။

သက်ဆိုင်ရာတပ်ဖွဲ့များထံမှ အတည်ပြုနိုင်ရန် ဆက်လက်ကြိုးစားနေပါသည်။

Photo-အောင်ဆန်းတပ်ဖွဲ့

Crd

Leave a Reply

Your email address will not be published.